ရန်ကုန်၊ ဇန်နဝါရီလ ၃
မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းစစ်သားအဖြစ် ၄၀၀ နီးပါး ဖမ်း ဆီးခံရ ပြီး လူငယ်များလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် NUG အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာအရေးယူပေးရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံမြို့နယ်တွင် ၆၄ ဦး ၊ ချမ်းအေး သာဇံမြို့နယ်တွင် ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ် တွင် ၃၈ ဦး ၊ချမ်းမြသာစည်မြို့နယ် တွင် ၅၂ ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၂ ဦး ၊ ပုသိမ်ကြီးမြို့ နယ် တွင် ၇၇ ဦး ၊ အမရပူရမြိူ့နယ် တွင် ၅၃ ဦး၊ စုစုပေါင်းအနေဖြင့် ၇ မြို့နယ်တွင် လူငယ် ပေါင်း ၃၉၁ ဦး ထက်မနည်းကို စစ်မှုထမ်းစစ် သားအဖြစ် မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိကောက်ခံထားသော အချက်အလက်များသည် မြေပြင်သတင်းမီဒီယာများ၏ အချက်အလက် များအပေါ်တွင်အခြေပြု ၍ စာရင်းပြုစုထားခြင်းဖြစ်ပြီး မြေပြင်ပေါ်တွင် ယခုထက်မက များပြားနိုင် ကြောင်း၊ ထူးထူးခြားခြားတွေ့ရှိရသည်မှာ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်တခုတွင် စစ်မှု ထမ်းဥပဒေစတင်အသက်ဝင်ချိန်မှစတင်၍ ယခုအချိန်အထိ လူငယ် ၁၀၀ ကျော်ခန့်အား မတရား ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ထားရပြီး ယခုအခါတွင် အရှုံးများဖြင့်သာ ရင်ဆိုင်နေရသောကြောင့် မတရားပြဌာန်းထားသော စစ်မှုထမ်းဥပဒေကို အ ကြောင်းပြကာ လူငယ်များကို ဖမ်းဆီးပြီး စစ်ပွဲအတွင်းသို့ မတရားဆွဲသွင်းလျက်ရှိ ကြောင်း၊ ထို့ ကြောင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များဆုံးရှုံးကာ လူအခွင့်အရေးချိုးဖောက်မှုလည်း အမြောက်အများ ဖြစ်ပေါ်နေကြောင်း မန္တလေး သပိတ်အင်အားစုက ထောက်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များသည် လူ့အခွင့်အ ရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်ကာ ပိုမိုဆိုးရွားစွာဖြင့် လူငယ်များကိုမတရားဖမ်းဆီးနေသည်မှာ အထင်အရှားဖြစ်ပြီး မတရားဖမ်းဆီးရာတွင် နေ့၊ ညမရွေး မတရားပြဌာန်းထားသော ဧည့်စာရင်း ဥပဒေကို အကြောင်းပြဖမ်းဆီးခြင်း၊ လမ်းများတွင်တွေ့ရာလူငယ်များကို မတရားဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီသည် မတရားထုတ်ပြန်ထားသော စစ်မှုထမ်းဥပဒေ ပါအချက် အလက်များအား ဂရုမစိုက်တော့ဘဲ ဗြောင်ကျစွာပင် လူ့အခွင့်အရေးကို ချိုးဖောက် နေခြင်း ဖြစ်ကြောင်း မန္တလေးသပိတ်အင်အားစုက ပြောဆိုသည်။
ထို့ကြောင့်လူငယ်များအနေဖြင့် အချိန်မတော်နေအိမ်ပြင်ပသို့သွားလာခြင်း၊ မလိုအပ်ဘဲ ခရီးမသွားရန်၊ ပျော်ပွဲရွှင်ပွဲများသို့သွားလာခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးစစ်မှုထမ်းခြင်းမခံရစေရန် မိမိ၏ပတ်ဝန်းကျင်ရှိ စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုများကို မျက် ခြေမပျက်လေ့လာ အကဲခတ်ထားပြီး အန္တရာယ်တစုံတရာကျရောက်လာနိုင်သော အခြေအနေရှိပါ ကကြိုတင်ရှောင်ရှားထားကြရန်၊ မိသားစု နှင့် ခြိမ်းခြောက်အကြပ်ကိုင်ခံရခြင်းကဲ့သို့ မလွှဲမရှောင်သာ အခြေအနေများနှင့် ကြုံတွေ့ရပြီး တပ်သားသစ် စုဆောင်းခံရမည်ဆိုပါက ကြိုတင်ပြင်ဆင်ချိန်ရ သည့် အခြေ အနေတွင် လိုအပ်သောပြင်ဆင်မှုများကို ပြင်ဆင်ထားကြပါရန်နှင့် မိမိတို့ နေထိုင်ရာပတ် ဝန်းကျင်၊ လက်လှမ်းမီရာများတွင် မတရားဖမ်းဆီးခံရမှုများရှိပါက တော်လှန်ရေးအင်အားစုများထံသို့ သတင်းပေးပို့ရန် တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်တပ်၏ လမ်းပေါ်စစ်ဆေးမတရားဖမ်းဆီးမှုများတွင် အလုပ်ပြန်ချိန်နောက်ကျသော အခြေခံလူတန်းစား လူငယ်အလုပ်သမားများအား ပစ်မှတ်ထားဖမ်းဆီးသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် အလုပ်ရှင်များအနေဖြင့် အလုပ် သမားများ၏ အလုပ်ချိန်များအား အလုပ်သမား များ နှင့် ညှိနှိုင်းတိုင်ပင်ကာ အနည်းငယ်လျော့ချပေးပါရန် အခြေခံလူတန်းစားအလုပ်သမား လူငယ် များကိုယ်စား မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားသည်။
ထိုသို့မဟုတ်ပါက အလုပ်ရှင်များသည် အကြမ်းဖက်စစ်တပ်၏ လူသားအရင်းအမြစ်ဆုံးရှုံးစေရေး လူ့ အခွင့်အရေးချိုးဖောက်မှုများတွင် သွယ်ဝိုက်သောနည်းဖြင့် အားပေးကူညီနေခြင်း ဖြစ်ကြောင်း မန္တလေးသပိတ်အင်အားစုက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအတိုင်ပင်ခံကောင်စီတို့ကလည်း အကြမ်းဖက်စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လူငယ်များအားမတရားဖမ်းဆီးမှုများအား အရေးကြီးသော လူ့အခွင့်အရေးချိုးဖောက်ခံရသော နိုင်ငံရေးဆိုင်ရာကိစ္စရပ်အဖြစ် သတ်မှတ်ကာ အဆောတလျင် ဖြေရှင်း နည်းလမ်းရှာပေး ပါရန် မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်လူထုတရပ်လုံးကိုယ်စား မန္တလေး သပိတ်အင်အားက တောင်းဆိုထားသည်။
အလားတူ ကမ္ဘာ့ကုလသမဂ္ဂအပါဝင် လူ့အခွင့်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်း အ ဝိုင်း၊ အဖွဲ့အစည်းများ အနေဖြင့်လည်း အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များအား လူ့အခွင့်အရေး ကိုဗြောင်ကျကျချိုးဖောက်နေမှုများအား မျက်ကွယ်ပြုမနေ ပဲ ထိရောက်သောအရေးယူမှုများပြုလုပ်ပေးပါရန် ဆက်လက်တောင်းဆိုထားသည်။
အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကြီး၊ ရာအိမ်မှူး ချစ်ကို၊ ရာအိမ်မှူး အောင်ငြိမ်းတို့က ဦးဆောင်၍ ပျူစောထီးအဖွဲ့များနှင့်အတူ လူငယ်များကို ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ပြင်စာကျေးရွာအုပ်ကြီးက အရင်မုဆိုးလုပ်တာ။ နာမည်က ဦးကိုကြီး။ ရာအိမ်မှူး ချစ်ကိုက အရက်ရောင်းတဲ့သူ၊ အမှုပွဲစား၊ ရဲသတင်းပေး လုပ်တဲ့သူ၊ ရာအိမ်မှူးအောင်ငြိမ်းက လက်သမား လက်လုပ်လက်စား အခုမှ ရာအိမ်မှူးဖြစ်ပြီး ချမ်းသာလာတာ။ အဲဒါ ပျူစောထီးတွေနဲ့ ပေါင်းပြီး လူငယ်တွေကို လိုက်ဖမ်းနေတယ်။ ဧည့်စာရင်းစစ်ပြီး ဧည့်စာရင်းတိုင်ထားတာတောင် လူငယ်တွေ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်ဆိုရင် ရိုက်နှက်ဖမ်းတယ်။ ပြီးတော့ စစ်တပ် လက်ထဲအပ်တယ်။ လူစားထိုးချရင် သူတို့က သိန်း ၈၀ ကနေ သိန်း ၁၀၀ အကြား တောင်းတယ်။ သူတို့ဟာသူတို့ လူလိုက်ဖမ်းပြီး လူစားထိုးပေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
စစ်မှုထမ်းဥပဒေကြောင့် ငွေညှစ်ကာ ပြင်စာကျေးရွာ အုပ်ကြီး ကိုကြီးမှာ ငွေကြေး အလွန်ချမ်းသာလာကြောင်း၊ ယခုအခါ အုပ်ချုပ်ရေးမှူး ကိုကြီးမှာ မယားကြီးရှိသော်လည်း King Stone KTV မှ အမျိုးသမီးငယ်တစ်ဦးကို အိမ်တစ်လုံးဆောက်ပေး၍ ပေါင်းသင်းနေထိုင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၈ တွင် စုဆောင်းခံရသည့် လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar