ရန်ကုန်၊ ဇန်နဝါရီ ၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဒုတိယ အကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် တောင်သာမြို့နယ်၊ ကျောင်းကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်အတွင်း စက်တပ် လေထီးများဖြင့် ဒုတိယ အကြိမ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် အစောပိုင်း ၅ နာရီကျော်ခန့်က လေထီးစက်တက် ယာဉ်နဲ့ တောင်သာမြို့နယ် ကျောင်းကုန်းရွာအနီး တပ်ရင်း ၃ ဌာနေအနားကို ဗုန်းသီး ၄ လုံး လာရောက် ကျဲချသွားပြန်ပါတယ်။ အထိအခိုက်မရှိဘဲ လူလိုက်ပါ လေထီးစက်တက်ယာဉ်နဲ့ ဒုတိယအကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဂျက်ဖိုက်တာများ၊ လက်နက်ကြီးများနှင့် ရှော့တိုက်ဒုံးများဖြင့်ပါ အလစ်အငိုက် တိုက်ခိုက်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ပထမ အကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar