ဒီကနေ့ ဇန်နဝါရီ ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောင်မှုအခြေနေတွေ အလွန်ကိုဆိုးဝါးလာနေပြီးတစ်နိုင်ငံလုံး ဓါတ်အားထုတ်လုပ်မှုလိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းသာ ထုတ်နိုင်တော့ပြီး ၊ တစ်ရက်ကို မီးလာချိန် ၄ နာရီတောင် အပြည့်မပေးနိုင်တော့တဲ့အခြေနေဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မန္တလေးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် နန်းတွင်းထဲကို ကားသွားပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ ၁၂၁ တပ်က တက်ကြပ် ဝင်းဇော်ဦး နဲ့ ပျူစောထီး မြင့်နိုင််ဝင်း ဆိုသူတို့ကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိပေမယ့် ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းရာမှာ ၂ ဦးလုံး ပွဲချင်းပြီးတွေကို သေကုန်ကြပြီလို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရောက်ရှိနေပြီး တော်လှန်ရေးအဖွဲ့တွေပြု လုပ်တဲ့ ၂၀၂၅ နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကိုတောင် တက်ရောက်အားပေးသွား တယ်လို့ အမှတ် ၁ စစ်ဒေသကနေ သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar