24 C
Yangon

ကောလင်း သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM အရာရှိ ဦးအရိန္ဒမာ ကို လုပ်ကြံသတ်ဖြတ်ခံရမှု ကျူးလွန် သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် CDM အဖွဲ့များက စုပေါင်း တောင်းဆို

Must read

ကောလင်း သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM အရာရှိ ဦးအရိန္ဒမာ ကို လုပ်ကြံသတ်ဖြတ်ခံရမှု ကျူးလွန် သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် CDM အဖွဲ့များက စုပေါင်း တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြစ်မှု ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပြီး ထိုက်သင့်သည့် အပြစ်ဒဏ်ချမှတ် အရေးယူရန် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက စုပေါင်းတောင်းဆိုသည်။

စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် အခြား CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့ကိုယ်စား က ထိုသို့ တောင်းဆိုခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ ဦးအရိန္ဒမာသည် NUG စိုးမိုးနယ်မြေဖြစ်သည့် ကောလင်းမြို့ အနောက်ဘက်ခြမ်းတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကနီမြို့နယ် တပုန်းကျေးရွာနေ ပညာရေး CDM ဦးဝင်းဌေးနှင့် အတူ ၃ လသားအရွယ် ကလေးငယ်နှင့် ဇနီးဖြစ်သူတို့ ၃ ဦးသည်လည်း ၎င်းတို့၏ နေအိမ်တွင် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း လက်ရှိအချိန် ကျူးလွန်သူများအပေါ် ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် များစွာ စိတ်ပျက်ရကြောင်း CDM အဖွဲ့များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့ CDM ဆရာ အရိန္ဒမာ နှင့် မိသားစုအတွက် တရားမျှတမှု ရှိရေးနှင့် အမှုမှန် မြန်မြန်ဆန်ဆန် ပေါ်ပေါက်ရေးအတွက် တွန်းအားဖြစ်စေရန် ရည်ရွယ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေသည့် အချိန်တွင် အခွင့်ကောင်းယူ၍ တော်လှန်ရေးတာဝန် လုပ် ဆောင်နေသူများနှင့် ပြည်သူများကို လက်နက်အားကိုးနှင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသူများ၏ လုပ်ရပ်များကိုလည်း CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက အကြမ်းဖက်စစ်အုပ်စုနှင့် တန်းတူသတ်မှတ်၍ အပြင်းအထန် ဖော်ထုတ်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း CDM အဖွဲကများက ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရာမှ လက်နက်နှင့် အာဏာအပေါ် ယစ်မူးသည့် စစ်ခေါင်းဆောင်များ ထပ်မံ ပေါ်ပေါက်လာမည့်အရေးကို CDM နိုင်ငံဝန်ထမ်းများမှ အဖိနှိပ်ခံပြည်သူများနှင့် အတူ ပူးပေါင်း၍ ထပ်မံတော်လှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဒေသအသီးသီးရှိ CDM နိုင်ငံဝန်ထမ်းများအနေနှင့်လည်း တရားဥပဒေစိုးမိုးရေး၊ လုံခြုရေး၊ အုပ်ချုပ်မှုဖော်ဆောင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍအသီးသီးတွင် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီအားဖြည့်ကြရန်နှင့် ပြည်သူ့နွေဦးတော်လှန်ရေး၏ မူလရည်ရွယ်ချက်များမှ သွေဖည်ခြင်းမရှိစေရန်အတွက် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် အတူပူးပေါင်းကာ ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးနိုင်ကြရန် အလေးအနက် ထပ်မံတိုက်တွန်းနှိုးဆော်ထားသည်။

NUG အစိုးရက ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူရေး တောင်းဆိုချက်ကို မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ကြားကာလ မြန်မာ့မီးရထားကောင်စီ၊ အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကောင်မတီ တို့ ပူးပေါင်း၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article