ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် “အမှန်တကယ် လွတ်လပ်ဖို့ စုပေါင်းအားနဲ့ တိုက်ယူစိူ့”ဆိုသည့် ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee – Northern California ဦးဆောင်၍ နွေဦးတော်လှန်ရေး၏ အရေးတကြီးလိုအပ်နေသော “အမှန်တကယ် လွတ်လပ်ဖို့ စုပေါင်းအားနဲ့ တိုက်ယူစိူ့”ဆိုသည့် ခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြေပြင်လူထုသပိတ်တိုက်ပွဲကို ၁၄၈ ကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နွေဦးတော်လှန်ရေး အင်အားစုများ၊ထောက်ပို့ပြည်သူများနှင့် ကျောင်းသားအင်အားစုများက အတူတကွ ပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။