24 C
Yangon

မြို့သာ စက်မှုဇုန်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးခန့် ထိခိုက်သေဆုံး

Must read

မြို့သာ စက်မှုဇုန်မှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးခန့် ထိခိုက်သေဆုံး

ရန်ကုန်၊ဇန်နဝါရီ ၅

မန္တလေးတိုင်း၊ မြို့သာ စက်မှုဇုန်မှ အနောက်ဘက်ကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း TGYR youthguerrill acounterr evolution-nz မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စက်မှုဇုန် အနောက်ဘက် သံဘိုကျေးရွာမြောက်ဘက် အမြန်လမ်း​ဘေး အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ ပြီး မြေပြင်မှလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ထက်မနည်း ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်ဖက် စစ်တပ် စစ်ကြောင်းသည် မြို့သာစက်မှု့ဇုန်ကို ပြန်လည် ဆုတ်ခွာသွား ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်း အတိအကျတော့ မသိရသေးပါဘူး။ အနည်းဆုံး စစ်ခွေး ၇ ကောင်လောက် ထိခိုက်သေဆုံးမှုရှိ နိုင်တယ်လို့ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ ပြောကြားချက် အရသိရပါတယ်။ ဒဏ်ရာရ အသေကိုတော့ ခွဲပြီး မသိရသေးတာပါ။ တိုက်ပွဲအတွင်းမှာ ဗုံးသီးပါတဲ့ Drone ပျက်ကျလို့ ဆုံးရှံးခဲ့တာရှိပါတယ်။ ရဲဘော်တွေတော့ဘာမှမဖြစ်ခဲ့ပါဘူး။ ငါန်းဇွန်နယ်ထဲက ကျေးရွာတွေကို ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုများနဲ့ စစ်ခွေးများကြောင့် ပြည်သူတွေအနေနဲ့ သတိရှိစွာနေပေးကြဖို့တိုက်တွန်းချင်ပါတယ်” ဟု TGYR youthguerrill acounterr evolution-nz မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ၊ မြင်းခြံခရိုင်အမှတ်(၇)တပ်ရင်း၊ ငါန်းဇွန်မြို့နယ်ပကဖ၊ မန္တလေးခရိုင်အမှတ်(မန္တလေးခရိုင်အမှတ်၅)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်တ်(မြင်းခြံခရိုင်အမှတ်၆)တပ်ရင်း၊ (925)ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article