NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလ အတွင်း စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း ယူဆောင်လာ
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလ အတွင်း စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း ယူဆောင်လာကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖ များသို့ ဆက်သွယ်ကာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အလင်းဝင်ရောက်ခဲ့သူများတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ ၊ တပ်သား ၅ ဦး နှင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ထို့သို့ အလင်းဝင်ရောက်လာသူများတွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့သူ ၁၃ ဦးရှိပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့ သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စစ်တပ်ဘက်မှ ၃၈၂ ဦး၊ ရဲဘက်မှ ၁၀၈၈၈ ဦး စုစုပေါင်း CDM ဝင်ရောက်သူ ၁၄၇၆၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး အရာရှိ အဆင့် CDM ဝင်ရောက်သူ ဒုဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။