30 C
Yangon

တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ထိုင်း-မြန်မာနယ်စပ်အနီးတွင် ပျောက်ဆုံးနေကြောင်း တရုတ် Global Time သတင်းဌာနက သတင်းဖော်ပြသည်။

ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်က တရုတ်သရုပ်ဆောင် Wang Xing သည် မြန်မာ-ထိုင်းနယ်စပ်တွင် ပျောက်ဆုံးနေကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ပျောက်ဆုံးနေသူ ၏ မိသားစုနှင့် အဆက်အသွယ်ပြုလုပ်ထားကြောင်း၊ ပျောက်ဆုံးနေမှုကို နောက်ဆက်တွဲ လိုက်လံစုံစမ်းမှုများ ပြုလုပ်နေပြီး တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးနှင့် ဥပဒေပါ အခွင့်အရေးများအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကိုလည်း တရုတ်သရုပ်ဆောင် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ အကြောင်းကြားထားပြီး ရန်ကုန်တရုတ်သံရုံးအနေဖြင့် ယင်းကိစ္စကို အလေးအနက်ထားဆောင်ရွက်နေကြောင်း၊ မြန်မာဘက်မှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အလျှင်အမြန်စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း ၊ ဖြစ်ပေါ်တိုးတက်မှုများကို အသိပေးမည်ဖြစ်ပြီး လတ်တလော အတည်ပြု စုံစမ်းနေဆဲဖြစ်ကာ ရလဒ်တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

တရုတ်သရုပ်ဆောင် Wang Xing ပျောက်ဆုံးနေမှုသည် တရုတ်လူမှုကွန်ရက်တွင် တနင်္ဂနွေညပိုင်းမှ ဆွေးနွေးမှုများပြားလျက်ရှိနေပြီး ထိုင်း-မြန်မာနယ်စပ်တွင် သရုပ်ဆောင်ကမ်းလှမ်းခံရပြီးနောက် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရှီရသည်။

တရုတ်သရုပ်ဆောင် Wang သည် Shanghai Pudong အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ခရီးထွက်ခဲ့ပြီး မဲဆောက်မြို့သို့ ရောက်ရှိပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံရှိ တရုတ်သံရုံးကလည်း ပျောက်ဆုံးနေသော တရုတ်သရုပ်ဆောင်၏ ​မိသားစုထံမှ အကူအညီတောင်းခံမှုကို ရရှိထားပြီး ထိုင်းအာဏာပိုင်များနှင့်လည်း ပျောက်ဆုံးနေသူကို ရှာဖွေနိုင်ရေး အနီးကပ် ပူးတွဲ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသော တရုတ်သရုပ်ဆောင် Wang သည် Fox Spirit Matchmaker၊ Red-Moon Pact၊ The Tale of Rose နှင့် Under The Skin အပါအဝင် နာမည်ကြီး တရုတ်တီဗီဒရာမာများစွာတွင် ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article