24 C
Yangon

ဥသျှစ်ပင်၊ သုံးဆယ်နှင့် မြောင်းမြတို့တွင်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံရ၊ မြောက်ဥက္ကလာတွင် ရပ်ကွက်နေ လူငယ် စာရင်းများ လိုက်လံကောက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ သုံးဆယ်မြို့နှင့် ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဥသျှစ်ပင်မြို့ အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းကြောင့် လူငယ် ၄၈ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဥသျှစ်ပင်မြို့ အနီးရှိ ကျောက်ဖူးရွာ၊ ဆေးတောရွာ၊ ယင်းရွာ ၊ ကျွဲရဲရွာ၊ တလုပ္ပင်ရွာနှင့် ညောင်ခြေထောက်ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး လူငယ် အများအပြား ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရွာထဲကို ရုတ်တရတ်ဝင်လာပြီး ဖမ်းသွားတာလို့ သိရတယ်။ ဖြစ်စဉ် အသေးစိတ်တော့ မသိရသေးဘူး။ လူငယ်တော်တော်များများ ဖမ်းဆီးခံလိုက်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း သုံးဆယ်မြို့ အနီးရှိ ဘုံမဲဇာရွာမှ ကိုအောင်ကိုနှင့် အမည်မသိ လူငယ် ၂ ဦးသည် ရိုးမ အတွင်းကို နွားလှည်းများဖြင့် ဝါးခုတ်ရန် သွားရောက်စဉ် အကြမ်းဖက် စစ်တပ်၏ သဲဖြူစစ်ဆေးရေး ဂိတ်မှ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော လူငယ်များကို ဇန်နဝါရီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မိသားစုဝင်များကို အကြောင်းကြား၍ ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းသောကြောင့် ကိုအောင်ကိုနှင့် အမည်မသိ လူငယ် ၁ ဦးသည် ပြန်လည် လွတ်မြောက်လာပြီး ကျန်လူငယ် ၁ ဦး၏ မိသားစုဝင်များက ငွေကြေး မတတ်နိုင်သည့် အတွက် လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လှည်းကော နွားကော အကုန်သိမ်းတာ မိသားစုဝင်တွေက တစ်ဦးကို သိန်း ၇၀ နဲ့ပြန်ရွေးလာရတယ်။ ၁ ဦးကတော့ ငွေကြေး မတတ်နိုင်လို့ မရွေးနိုင်လို့ အခုထိ မလွတ်သေးဘူး။ ပြည်သူတွေ အနေနဲ့ကတော့ အန္တရာယ်များမှန်းသိပေမယ့် စားဝတ်နေရေး အရမ်းကျပ်တည်းနေတော့ အရဲစွန့်ပြီး လုပ်ကိုင် စားသောက်နေရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ရေတွင်း ရေကန်ရွာမှ လူငယ် ၂ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၅ ရက်နေ့တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ ကျောက်ရေးတွင်းရပ်ကွက် အကြမ်းဖက် စစ်တပ်ခန့် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးက အကြမ်းဖက် စစ်တပ်မှ အမည်စားရင်း တောင်းခံသည်ဟုဆိုကာ ရပ်ကွက်နေ လူငယ်များ၏ စာရင်းများ လိုက်လံ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်ခန့် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးသည် အကြမ်းဖက် စစ်တပ်ထံ တစ်ရက်ကို လူငယ် ၅၀ ဦး၏ အမည်စာရင်းများ ပို့ဆောင်ရသည်ဟုဆိုကာ လိုက်လံကောက်ခံနေ၍ ပြည်သူများ ကြောက်လန့်နေကြောင်း သိရသည်။

“ကျောက်ရေးတွင်းရပ်ကွက် ကြံ့ဖွတ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေ လူငယ်တွေရဲ့ စာရင်းကို တစ်ရက်ကို လူငယ် ၅၀ စာရင်း စစ်ခွေးတွေကို ပေးရမယ်ဆိုပြီး လိုက်ကောက်နေတယ်။ အိမ်တိုင်းကိုလည်း စာရွက်တွေလိုက်ပေးနေပါတယ်။ ပြည်သူတွေကတော့ ကြောက်လန့်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article