24 C
Yangon

မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းတို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်းသွားကာ အပြီးသတ် ထိန်းချုပ် ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ ၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မံစီမြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်မရှိတော့ဘဲ အပြီးသတ် ထိန်းချုပ် ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ မံစီမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို လိုက်လံချေမှုန်း ရှင်းလင်းနေကြောင်း သိရှိရသည်။

“မံစီမြို့နယ်မှာ စစ်ခွေးလုံး၀ ကင်းစင်သွားပါပြီ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ကချင်ပြည်နယ် မံစီမြို့နယ်ကို KIA က ၂၀၂၃ ခုနှစ်ကတည်းက စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မံစီမြို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်အတွင်းရှိ ခမရ-၆၀၁ ၊ ခမရ-၃၁၉ နှင့် အမြောက်တပ် ၃၅၂ တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၁ လ ကျော်အကြာတွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲတွင် သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများနှင့် အမြောက်ကျည်ဆန်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article