ဒီကနေ့ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံ တစ်ဝှမ်း လျှပ်စစ်မီး မပေးနိုင်တဲ့ အကြောင်းအရင်း ၄ ခုကို အကြမ်းဖက် စစ်ကောင်စီက ထုတ်ဖော်ဝန်ခံထားပြီး ၊ မင်းအောင်လှိုင်ရဲ့ ညွှန် ကြားချက်အရ ဧရာ၀တီမြစ်မှာ တမံ ဆောက်ပြီး လျှပ်စစ်ထုတ်ယူမယ်ဆိုပြီးတော့ပါ ပြောလာပြန်တယ်။
- မကွေးတိုင်းက နတ်မောက်မြို့နယ်မှာ ပြည်သူတွေကို စစ်တပ်ခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေတဲ့ ဂွေးချောင်းရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီးကို သေသွားပြီလို့ နတ်မောက် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်းက ရေဦးမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အမျိုးသမီးတွေကိုပါ ခြိမ်းခြောက် ငွေညှစ်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်လာနေပြီး ၊ ရန်ကုန်မြို့မှာလည်း အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တချို့ပါ ပျောက်ဆုံးမှုတွေရှိလာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar