32 C
Yangon

ဟိုင်းကြီးကျွန်းမှ စစ်မှုထမ်း တပ်သား အောင်နိုင်ထွန်း နှင့် သက်ပိုင်စိုးတို့ ၂ ဦး ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုကို စစ်တပ်က အကြောင်းမကြား၊ တပ်ကို စုံစမ်းချိန် ပျောက်ဆုံးစာရင်းသွင်းထား၍ မည်သည့်ခံစားခွင့်မပေးဟုဆို

Must read

🟥 ဟိုင်းကြီးကျွန်း၊ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မင်းနိုင်သူက စစ်မှုထမ်း လူစားထိုးရန် လူ ၁ ဦး သိန်း ၅၀ ဖြင့်အရောင်းအဝယ်လုပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၉

ဧရာ၀တီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် ၂ ရပ်ကွက်မှ စစ်မှုထမ်းတပ်သား အောင်နိုင်ထွန်း နှင့် သက်ပိုင်စိုးတို့ ၂ ဦးသည် ရခိုင်တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း မိသားစုကို စစ်တပ်က အကြောင်းမကြားခြင်းမရှိကြောင်း မိတ်ဆွေများထံမှ သိရှိရသည်။

ဟိုင်းကြီးကျွန်းမြို့ အမှတ် ၂ ရပ်ကွက်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းတက်ရောက်ခဲ့ရသော တပ်သား အသက် ၂၃ နှစ်အရွယ် အောင်နိုင်ထွန်းနှင့် အသက် ၂၆ နှစ်အရွယ် သက်ပိုင်စိုးတို့ ၂ ဦးသည် ရခိုင်တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း၊ သေဆုံးမှုကို မြင်တွေ့ရသည့် တပ်တွင်းမှ မိတ်ဆွေများက မိသားစုထံသို့ ဖုန်းဆက်၍ အကြောင်းကြားသော်လည်း စစ်တပ်က တရားဝင် အသိပေးအကြောင်းကြားခြင်းမရှိကြောင်း၊ ထို့ကြောင့် ကျန်ရစ်သူ မိသားစုများက စစ်တပ်ထံသို့ တရားဝင် ဆက်သွယ်မေးမြန်းရာတွင် ၂ ဦးစလုံး တိုက်ပွဲတွင် သေဆုံးသည်ဟု ပြောဆိုခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟုသာ စစ်တပ်က ပြောဆိုကြောင်း သိရှိရသည်။

“စစ်မှုထမ်း အပတ်စဉ်၃ သင်တန်းဆင်း ကိုအောင်နိုင်ထွန်းနဲ့ ကိုသက်ပိုင်စိုးက အတင်းအကျပ် စစ်တပ်ထဲ အသွင်းခံရသူတွေပါ။ အသက်တွေက ၂၀ ကျော်လေးတွေ။ သူတို့ ရခိုင်တိုက်ပွဲမှာ ကျဆုံးတာကို တပ်ထဲက မိတ်ဆွေတွေက မိသားစုဆီကို လှမ်းပြောကြတယ်။ အဲဒါ မိသားစုက တပ်ဘက်ကို မေးတော့ ကျဆုံးတယ်လို့ မပြောဘူး။ ပျောက်ဆုံးနေတယ်လို့ပဲ ပြောတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းသက်တိုတောင်းခြင်း၊ ပျောက်ဆုံးစာရင်း သွင်းထားခြင်းတို့ကြောင့် သေဆုံးသွားသော စစ်မှုထမ်း ကိုအောင်နိုင်ထွန်းနှင့် ကိုသက်ပိုင်စိုးတို့အတွက် မည်သည့် ခံစားခွင့်မှ စစ်တပ်က ပေးနိုင်မည်မဟုတ်ဟုပြောဆိုကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့ အမှတ် ၂ ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး မင်းနိုင်သူသည် စစ်မှုထမ်းမဲပေါက်သည်ဟုဆိုကာ ပြည်သူများထံမှ ကျပ် သိန်း ၃၅ သိန်းမှာ သိန်း ၅၀ အထိ တောင်းခံနေကာ စစ်မှုထမ်းအစားလိုက်မည့် သူများကိုလည်း ကြားမှ အမြတ်တင် ငွေကြေးရယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ငွေကြေးလိုအပ်ချက်ကြောင့် စစ်မှုထမ်းအစားထိုး စစ်ထဲလိုက်ကြမည့် သူများကိုလည်း ငွေကြေးအနည်းငယ်သာ ပေးပြီး ရွာမှ လူများဆီကမူ လူ ၁ ဦးလျှှု် ကျပ်သိန်း ၅၀ အထိ အပြည့်တောင်းခံနေခြင်းဖြစ်ကြောင်း၊ ရွာမှ စစ်မှုထမ်းပို့သည့် လူငယ် ၃ ဦးတွင် ၂ ဦးမှာ ရခိုင်စစ်ဆင်ရေးတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း ၊စစ်မှုထမ်းပို့ခံရပြီး သေဆုံးလူငယ် ၂ ဦးမှာလည်း သေဆုံးသည့်အတွက် စစ်တပ်ထံမှ မည်သည့် အကျိုးခံစားခွင့်မှ မရကြကြောင်း၊ သေဆုံးသွားသူများမှာ အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင်ထွန်းနှင့် အသက် ၂၆ နှစ်အရွယ် ကိုသက်ပိုင်စိုးတို့ ဖြစ်ကြကြောင်း သိရှိရသည်။

“တော်တော်ဆိုးနေလို့ပါ။ စစ်မှုထမ်းတွေကို လိုသမျှ ရောင်းစားပြီး ရွာမှာလည်း စစ်မှုထမ်းပို့တာ ၃ ယောက်မှာ ၂ ယောက် သေကုန်ပါပြီ။ အခုလည်း ရွာမှာ စစ်မှုထမ်းဖို့ ၁ ယောက် စာရင်းကျတယ်ဆိုပြီး သိန်း ၅၀ ပေးရတယ် ၁၂ လပိုင်းအတွက်။ ရွာကလူတေဆီက ကောက်တာ မပြည့်လို့ လိုက်ရတဲ့ လူအိမ်က အိမ်နဲ့ ခြံပေါင်ပြီး သူ့ကို အပြည့်ပေးရပါတယ်။ တခြားက လူငယ်တွေကို ရွာကို မျှားခေါ်ပြီး ရွာအစားဆိုပြီး ထည့်တယ်။ ရွာက ပေးတဲ့ ပိုက်ဆံ သိန်း ၅၀ ကိုတော့ သူက ယူပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထိုပြင် စစ်မှုထမ်းလိုက်မည့်သူများကိုသာ ဧည့်စာရင်းပေးခြင်းလုပ်ပြီး ထိုသူများကိုလည်း သူ့အိမ်တွင်သာ ခေါ်ထားကြောင်း၊ အခြားလာလည်သည့် လူများကို ဧည့်စာရင်း လုံးဝမပေးကြောင်း၊ စစ်မှုထမ်းအစားလိုက်မည့် လူများကိုလည်း ပိုက်ဆံအပြည့်မပေးဘဲ ကြားမှ ငွေကြေးဖြတ်ယူခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“အခုဆို ရွာကနေ သူတို့ရောင်းစားတဲ့ လူတိုင်း သေကုန်ကြပါပြီ။ သေတာ သိသိကြီးနဲ့ ရောင်းစားနေပါတယ်။ သူ့သားကျတော့ မြဝတီကို ပိုထားပါတယ်။ အခုလည်း နှစ်ယောက်မဲ ပေါက်တယ်ဆိုပြီး မိဘတွေကို လက်မှတ်ခေါ်ထိုးပြီး ကလေးတွေ ပြန်ခေါ်ပေးပါဆိုပြီး ခြိမ်းခြောက်ပါတယ်။ သူက နားမလည် မတတ်ကျွမ်းသူတွေကိုပဲ စာရင်းထည့်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article