25 C
Yangon

စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

အကြမ်းဖက် စစ်တပ်ပိုင် ဆက်သွယ်ရေး Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာသည်။

အမေရိကန်စက်မှုလုပ်ငန်းနှင့်လုံခြုံရေးဌာန (BIS) က ကုန်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စည်းမျဉ်းများ (EAR) တွင် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၊ တရုတ်ကုမ္ပဏီ ၁၁ ခု နှင့်ပါကစ္စတန်ကုမ္ပဏီ ၁ ခု စုစုပေါင်း ၁၃ ခုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့်/သို့မဟုတ် နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားများနှင့် ဆန့်ကျင်နေသော ကုမ္ပဏီများအဖြစ် သတ်မှတ် အရေးယူခြင်းဖြစ်သည်။

Mytel အပါအဝင် အဆိုပါ ကုမ္ပဏီများသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားများနှင့် ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်နေကြောင်း သက်သေပြနိုင်သော အဖွဲ့အစည်းများဖြစ်ကြောင်း၊ Mytel ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ပေးမှုများနှင့် ငွေကြေးပံ့ပိုးမှုများ လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ပံ့ပိုးမှုများက မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်စေရန် ပံ့ပိုးနေခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article