ရန်ကုန်၊ဇန်န်ဝါရီ ၉
ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်၊ မရမ်းရိုးတွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ကွင်းဆောက်နေပြီး ပြည်သူ့နေအိမ် အိမ်ခြေ ၂၀၀ ခန့် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ စစ်ရဟတ်ယာဉ်ကွင်းတည်ဆောက်ရန်အတွက် အတင်းအဓမ္မ အိမ်ခြေ ၂၀၀ ဖယ်ခိုင်းခြင်း ဖြစ်ကြောင်း၊ စစ်ရဟတ်ယာဉ်ကွင်းကို အမြန်တည်ဆောက်နေကြောင်း သိရှိရသည်။
“စစ်တပ်က ရဟတ်ယာဉ်ဆင်းဖို့ ကွင်း ဆောက်နေပါတယ် အိမ်ခြေ ၂၀၀ လောက်ဖယ်ပေးရတယ်။ ကရင်တွေ နေတဲ့ ရွာတွေ ဖြစ်နေတာလည်း တစ်ကြောင်းပေါ့” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဧရာတီတိုင်းနှင့်အနီးစပ်မြို့နယ်ဖြစ်သော ရခိုင်ပြည်နယ်မှ ဂွမြို့နယ်ကို စစ်ကောင်စီက ဆုံးရှုံးပြီးနောက် ဧရာ၀တီတိုင်းအတွင်းတွင် စစ်တပ်က စစ်ရေး ပြင်ဆင်မှုများအကြီးအကျယ်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က Mi17 ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်းနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar