ဒီကနေ့ ဇန်နဝါရီ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကချင်ပြည်နယ်၊ မံစီမြို့နယ် တစ်ခုလုံးကို KIA – PDF ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် ကချင် အလံတော်တွေကို လွှင့်ထူလိုက်ပြီဖြစ်သလို ၊ နောက်ထပ် ဗန်းမော်မြို့ ကိုပါ အပြီးသတ် သိမ်းပိုက်နိုင်ဖို့အတွက် တော်လှန်ရေးတပ်တွေက အပြင်းအထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီလို့လည်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- လက်ရှိ ကျုံပျော်မြို့နယ်က မရမ်းရိုး ကျေးရွာမှာလည်း စစ်ရဟတ်ယာဉ်ကွင်းကို အလျင်စလို ဆောက် နေသလို ပြည်သူတွေရဲ့ နေအိမ် အလုံး ၂၀၀ လောက်ကိုလည်း အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေ တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- ရန်ကုန်-မန္တလေး အမြန်လမ်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူး ရွှေဘ အပါအဝင် အရာရှိတွေနဲ့အရပ်ဘက်ဝန်ထမ်းတွေကို ဖမ်းဆီးရမိပြီးတဲ့နောက်မှာပဲ နောက်ထပ် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း ဆိုသူပါ ရန်ကုန်-မန္တလေး အမြန်လမ်းမှာပဲ ထပ်ပြီး အဖမ်းခံလိုက်ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်လိုက်ပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar