28 C
Yangon

ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံး၊ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့

Must read

ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံး၊ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မကွေးတိုင်း၊ ပခုက္ကူ-မြိုင် စစ်ရိက္ခာယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ခလရ ၂၃၅ တပ်မှ တပ်ကြပ် စိုးထိုက်ဦး ခြေပြတ်သေဆုံးသွားပြီး ၎င်း၏ အလောင်းကို လမ်းဘေးတွင် ဖြစ်သလို စစ်တပ်က မြေဖို့ သဂြိုလ်ခဲ့ကြောင်း COBRA ONE Pakokku မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ပခုက္ကူမှ မြို့သို့ ရိက္ခာလာပို့သည့် စစ်ယာဉ်တန်း လုံခြုံရေးအတွက် စစ် ကြောင်းထိုးလာစဉ် ခလရ ၂၃၅ တပ်ရင်းမှ တပ်ကြပ်စိုးထိုက်ဦးသည် မိုင်းထိမှန်ခဲ့ကြောင်း၊ ယင်းနောက် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်၃ နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဆောက်ကျေးရွာ ကားလမ်းဘေးတွင် ခလရ ၂၃၅ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး မင်းကျော်အောင်က အမိန့် မြေဖို့ သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

” ဒီနေ့ ညနေ ၃ နာရီမှာ ကျောက်ဆောက်ကျေးရွာ ကားလမ်းမဘေးမှာ စခ တပ်ကြပ်စိုးထိုက်ဦးကို ရဲ့ အလောင်းကို ခြေတစ်ဖက်ဖြတ်နဲ့ တွေ့ရတယ်။ အလောင်းကို ဂေါ်ကားနဲ့ မြေဖို့ထားခဲ့တယ်။ တော်လှန်ရေး တပ်တွေရဲ့ မိုင်းထိပြီး သေဆုံးတာပါ” ဟု ဗိုလ်မြွေဟောက်က ပြောဆိုသည်။

ပခုက္ကူမှ မြိုင်သို့ လက်နက်နှင့် ရိက္ခာစစ်ယာဉ်တန်း သည် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်ပြီး အင်ပင်ကျေးရွာမှ စတင်ထွက်လာခဲ့ရာ ဇန်နဝါရီလ ၆ ရက်နေ့ ကိုင်းရွာချောင်းကွေ့တွင် ရပ်တန့်ပြီး မိုင်းရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ မိုင်းရှင်းလင်းရေး အဖွဲ့ကို ကိုင်းဆယ်ထဲ အရောက် မိုင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး စစ်သားအများအပြား ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ကြောင်း ၊ ထိုအချိန်တွင် ရော့ကတ်များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိမှန်၍ စစ်သား ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article