21 C
Yangon

တီးတိန်တွင် ရဲတပ်သား ၁ ဦး နှင့် ကရင်နီတွင် တပ်သားသစ်အဖြစ် အတင်း အဓမ္မစုစောင်းခံရသူ ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

တီးတိန်တွင် ရဲတပ်သား ၁ ဦး နှင့် ကရင်နီတွင် တပ်သားသစ်အဖြစ် အတင်း အဓမ္မစုစောင်းခံရသူ ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တာဝန်ကျနေသော ရဲတပ်ရင်း ၂၆ မှ ရဲတပ်သား ၁ ဦးသည် လက်နက် ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့သောကြောင့် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF CDM Siyin က ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် တီးတိန်မြို့ပေါ်၌ တာဝန်ကျနေသော ရဲတပ်ရင်း ၂၆ မှ ရဲ တပ်သား ခိုင်ထူးဉာဏ် သည် လက်နက် ၁ လက်၊ ကျည်ဘောက်နှင့် ကျည်ဆံအချို့ ယူဆောင်လာပြီး CDF CDM SIYIN ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့‌သော ရဲတပ်သား ခိုင်ထူးဉာဏ်ကို CDF CDM SIYIN မှ ဆုငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့်လည်း CDF CDM SIYIN ထံ ဆက်သွယ်နိုင်ပြီး မြို့ တွင်း၌ ဖြစ်စေ၊ မည်သည့်နေရာ၌ ဖြစ်စေ သွားရောက်ကြိုဆိုကာ ကောင်းကောင်းမွန်မွန် စောင့် ရှောက်ပေးမည်ဖြစ်ပြီး သွားလိုသည့်နေရာနှင့် အလုပ်အကိုင်များကိုလည်း စိတ်တိုင်းကျ စီမံ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ ကရင်နီပြည်နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုစောင်းခံရသူ နေဇော်သည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KNDF/B-34 ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုစောင်းခံရသူ နေဇော်သည် KNDF/B-34 ထံ MA-1 သေနတ် ၁ လက်၊ ကျည် ၁၂၂ တောင့်၊ ကျည်ဘောက် ၃ ဘောက်၊ ၁၄မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး နှင့်အတူ အလင်းဝင်ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်ခဲ့သော နေဇော်သည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မ အတင်းစုဆောင်းခံရကြောင်းနှင့် စစ်ကောင်စီ၏ လက်အောက်တွင် စစ်မှုမထမ်းလို၍ အလင်းဝင်ရောက်ခဲ့ခြင်းပြီး ရောက်ရှိလာသော တပ်သားကို KNDF/B-34 တပ်ရင်းအနေဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ထားကာ စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင် လက်အောက်မှ ရုန်းထွက်ကြရန် နှင့် အမြန်ဆုံးဘက်ပြောင်းခိုလှုံလာကြဖို့ရန် အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article