ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့မှာ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ဖို့ဆိုပြီး အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိနေတဲ့အချိန် ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြန်ပြီလို့ (BWM) အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက ညောင်လေးပင်မြို့နယ်မှာ ပိရိလျှို့ဝှက်တဲ့ စည်ပင်ရွာအုပ်ချုပ်ရေးမှူး မင်းမင်းဦး ခေါင်းဆောင် တဲ့ ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရပြီး ပျူစောထီး စံအေး နဲ့ လွင်ဦးဆိုသူတို့၂ ဦးက ပွဲချင်းပြီး တွေကို သေကုန်ပြီး အုပ်ကြီး မင်းမင်းဦး ကတော့ ဗိုက်ပေါက် အူထွက်ဒဏ်ရာနဲ့ ဆေးရုံမှာ အသက်လုရင်း နဲ့ ပဲ အုပ်ကြီးပါ သေသွားပြီလို့ 9 Stars PDF တပ်ဖွဲ့ ခေါင်းဆောင် မြွေပွေး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ကစင်ကျေးရွာနေ မောင်စိုးမိုးထက် နဲ့ ယောက်ဖဖြစ်သူ မောင်ထက်ကိုကို ဆိုသူ တို့ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar