25 C
Yangon

သာယာဝတီခရိုင်တွင် မြို့နယ် တစ်ခုလျှင် တစ်နေ့ လူငယ် ၁၀ ဦးနှုန်း စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးရန် ညွှန်ကြား

Must read

နတ်တလင်းနှင့် မိုးညိုတွင် ရဲစခန်းမှူး နေလင်းအောင်၊ စရဖ လှိုင်မင်းသူနှင့် ရဲဘက် ထောက်လှမ်းရေး လှထွန်းထွန်း တို့က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၁၀၀ ကျော်ကို ငွေမပေး၍ စစ်တပ်ထဲထည့်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီက မြို့နယ် တစ်ခုလျှင် တစ်နေ့ လူငယ် ၁၀ ဦးနှုန်း စစ်မှုထမ်း တပ်သားသစ် စုဆောင်းပေးရန် ညွှန်ကြားထားကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သာယာဝတီခရိုင်တွင် သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ လက်ပံတန်းမြို့၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မိုးညိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ် တို့ပါဝင်ပြီး အကြမ်းဖက် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် စစ်မှုထမ်း တပ်သားသစ် လိုအပ်နေကြောင်း၊ ရှေ့တန်းတိုက်ပွဲပို့ဆောင်ရန် လူအင်အား လျော့နည်းလာသည့် အတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလော သာယာဝတီခရိုင်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ တပ်သားများကလည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ငွေကြေး မတတ်နိုင်သည့် လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးငွေညှစ်မှုများတွင် နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ် နယ်မြေရဲစခန်းမှ စခန်းမှူး နေလင်းအောင်နှင့် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်း အပတ်စဉ် ၁ စတင်ချိန် ၂၀၂၄ ခုနစ် ဧပြီလမှ စတင်၍ လက်ရှိချိန်ထိ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်း တပ်သားသစ် အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲထည့်သွင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးရွာများမှ လူငယ်များကို ဖမ်းဆီးပြီးနောက် စခန်းမှူး နေလင်းအောင်နှင့် အုပ်ချုပ်ရေးမှူးများက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ကျော်ဖြင့် မိသားစုဝင်များကို ပြန်ရွေးခိုင်းပြီး ငွေကြေးမပေးနိုင်သူများကို စစ်တပ်ထဲ ထည့်သွင်းနေခြင်းဖြစ်ကြောင်း၊ ရဲစခန်းမှူး နေလင်းအောင်သည် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းမှ ရရှိသော ငွေကြေးများဖြင့် တောင်ညိုမြစ်သစ် ရိုးမအစပ်ရှိ ကံစုရွာမှာ နေအိမ်ဆောက်လုပ်နေကြောင်း သိရှိရသည်။

“သူတို့က လူတွေ ဖမ်းမိရင် ပိုက်ဆံတောင်းတယ်။ ပိုက်ဆံမရရင် စစ်ခွေးတပ်ထဲ ထည့်တာတောင် ဒီတိုင်းထည့်တာမဟုတ်ဘူး။ သူက ကျေးအုပ်စု ၁ ခုကို လူ ၁ ဦး စစ်တပ်ထဲ ထည့်ပေးရတယ်ဆိုရင် အဲကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေက နေလင်းအောင်ကို အကူအညီ လှမ်းတောင်တယ်။ အဲအခါကျရင် သူပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူတွေထဲက တစ်ဦးကို ပြန်ရောင်းရင် သူက သိန်း ၁၀၀ လောက်ရတယ်။ အဲလိုမျိုးနဲ့ လူအရောင်းအဝယ်လုပ်ပြီး စစ်တပ်ထဲထည့်တာ အခုနောက်ပိုင်း စစ်ခွေးတွေက ညွှန်ကြားချက်ရထားတယ်လို့ သိရတယ်။ မြို့နယ်တစ်ခုကို တစ်နေ့ လူ ၁၀ ဦးနှုန်း ပေးရမယ်လို့ ညွှန်ကြားထားတယ်။ တစ်လကို တစ်မြို့နယ် လူ ၁၀၀ ပေါ့။ အဲတာညွှန်ကြားထားတာ မကြာသေးဘူးလို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်ကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ သခင်လှရှိန် လမ်းမကြီးတွင် လက်နက်ကိုင် စရဖ တာဝန်ခံ လှိုင်မင်းသူနှင့် ဇောတိက ရပ်ကွက်တွင် နေထိုင်သော ရဲဘက် ထောက်လှမ်းရေး လှထွန်းထွန်းတို့က လူငယ်အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်နက်ကိုင် စရဖ တာဝန်ခံ လှိုင်မင်းသူနှင့် ဇောတိက ရပ်ကွက်တွင် နေထိုင်သော ရဲဘက် ထောက်လှမ်းရေး လှထွန်းထွန်းတို့သည် မိုးညိုမြို့နယ်၊ မင်းလှမြို့နယ်နှင့် အုတ်ဖိုမြို့နယ်မှ လူငယ် အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးကို ငွေကျပ်သိန်း ၈၀ တောင်း၍ ငွေပေးသူများကို ပြန်လွှတ်ပေးပြီး ငွေကြေးမပေးသူများကို စစ်တပ်ထဲ ထည့်သွင်းကြောင်း သိရသည်။

အဆိုပါ လှိုင်မင်းသူနှင့် လှထွန်းထွန်းသည် စီးပွားရေး လုပ်ငန်းရှင်တွေ မြှောက်ပင့်နေပြီး မြို့နယ်အတွင်းရှိ NLD အမာခံများနှင့် တော်လှန်ရေး ထောက်ခံအားပေးသူများ ရက်စက်စွာ ဖမ်းဆီး နှိပ်စက်ခြင်း၊ ၎င်းတို့ နှစ်ဦးကြောင့် မိုးညို စစ်ကြောရေးတွင် အသက်ပေးခဲ့ရသူများ စစ်ကြောရေးတွင် မသေရုံ လွတ်မြောက်ခဲ့သူများ၊ ထောင်ထဲ အပို့ ခံရသူ အားလုံးသည် ၎င်းတို့ ၂ ဦး၏ ဆုံးဖြတ် ချက်များကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးသည် လက်ရှိချိန်တွင် ကား အမျိုးမျိုးပြောင်းစီး၍ ငွေကြေး သိန်းသောင်းချီ ချမ်းသာလာပြီး လောင်းကစားဒိုင်းများထံမှလည်း တစ်ပတ်ကို ငွေကျပ် သိန်းရာချီ ရရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – သာယာဝီမြို့နယ် ထွေ/အုပ်၏ အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သာယာဝီမြို့နယ် ထွေ/အုပ်၏ အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article