ရန်ကုန်၊ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လိပ်ခုံးကျေးရွာအုပ်စုတွင် NLD အစိုးရက ထုတ်ပေးခဲ့သော ကိုဗစ်ချေးငွေနှင့်စိုက်ပျိုးချေးငွေများကို စစ်ကောင်စီထံသို့ ပြန်ပေးရန် စစ် တပ်က စာလိုက်ဝေပြီး ဖိအားပေးနေကြောင်း တောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ဟင်္သာတမြို့နယ်၊ လိပ်ခုံးကျေးရွာအုပ်စုရှိ ကျေးရွာများကို အုပ်ချုပ်ရေးမှူး ဌေးခိုင်နှင့် စစ်ကောင်စီ တပ်သားများက ဘဏ်ချေးငွေများ ပြန်ပေးရန် နို့တစ်စာများ လိုက်လံပို့ဆောင်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထား၍ မပေးနိုင်သော တောင်သူများကို ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုသွားကြောင်း၊ လိပ် ခုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဌေးခိုင်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ နေအိမ်များကို နို့တစ်စာပို့၍ ဘဏ်ချေးငွေ မပေးနိုင်သော တောင်သူများကို ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က နို့တစ်စာ ပို့တယ်ဆိုပြီး လာပေးသွားကျတာ ၂၇ ရက်နေ့ နောက်ဆုံးမပေးရင် ဖမ်းဆီး အရေးယူမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကိုဗစ်ချေးငွေနှင့် စိုက်ပျိုးချေးငွေ ပြန်လည် ပေးဆပ်ခြင်းမရှိသော တောင်သူများထံတွင် အရွယ်ရောက်ပြီး သားယောင်္ကျားလေးများ ရှိပါကလည်း စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး ဌေးခိုင်သည် လိပ်ခုံးကျေးရွာအုပ်စုမှ ကျေးရွာများမှ စစ်မှုထမ်းရန် လူငယ်များရှိသည့် နေအိမ်များကိုလည်း လစဉ် ငွေကျပ် ၃၅၀၀၀ အတင်းအဓမ္မ ကောက်ခံပြီး ငွေကြေးမပေးနိုင်သည့် လူငယ်များကို မဲနှိုက်၍ စစ်တပ်ထဲ ထည့်မည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar