31 C
Yangon

ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးအုပ်စုရှိ ရွှေကူတဲစုရွာကို စစ်တပ်နှင့် ပျူစောထီးများက ဝင်ရောက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်တိုင်းကြီးအုပ်စု ရွှေကူတဲစုရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၇ရက် နံနက်အစောပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်လာပြီး ရွှေကူတဲစုရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကာ နေအိမ် ၁၃ လုံး ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“စစ်ကောင်စီတပ်နဲ့အတူ ပျဥ်ထောင်ရွာက ပျူနဲ့ပြည်သူ့စစ် စုစုပေါင်းအင်အား ၅၀ ဝန်းကျင်ခန့်နဲ့ လာရှို့သွားတာ။ ရွာထဲမရောက်ခင် သေနတ်တွေပစ်ဝင်လာတာ။ အဲလိုပစ်ဝင်လာလို့ ရွာသူရွာသားတွေ အကုန်လွတ်အောင် ထွက်ပြေးရတယ်။ မနက်ခင်း ၇ နာရီလောက်ကျတော့ ရွာကို မီးရှို့ပြီး ပျဉ်ထောင်ရွာဘက် ပြန်ထွက်သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရွှေကူတဲစုကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမီးရှို့ဖျက်ဆီးသည်မှာ ယခုအကြိမ်နှင့်ဆိုပါက စုစုပေါင်း ၄ ကြိမ်အထိရှိနေပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article