32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန် ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူ၊ တာဝန်ခံရလိမ့်မယ်လို့ အာရက္ခတပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း တောင်သာမြို့နယ်က ဝါးကြီးအိုင် ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က စက်အင်ဂျင်တပ် လေထီးနဲ့ ၂ ရက်ဆက်တိုက် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းက ဘက်စုံခြံထဲကနေ ကင်းချပြီး ပြည်သူတွေဆီကနေ ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ကြိုတင် ထောင်ထားတဲ့ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးက နေရာမှာတင် ပွဲချင်းပြီးသေသွားတဲ့အပြင် ၊ နောက်ထပ် စစ်သား ၂ ဦးက ဒဏ်ရာတွေရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article