31 C
Yangon

လွိုင်ကော်မြို့၊ ခလရ ၂၆၁ တပ်ရင်းမှ စစ်မှုထမ်းအဖြစ် စုဆောင်းခံရသူ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး KNDF ထံတွင် အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်နီပြည်၊ လွိုင်ကော်မြို့အခြေစိုက်၊ ခလရ ၂၆၁ တပ်ရင်းမှ စစ်မှုထမ်း အဖြစ် စုဆောင်းခံရသူ တပ်သား ၁ ဦး လက်နက်ခဲယမ်း ယူ ဆောင်လာပြီး KNDF တပ်ရင်းထံ ခိုလှုံဝင်ရောက်ခဲ့ကြောင်း KNDF ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ လွိုင်ကော်မြို့ အခြေစိုက် ခလရ ၂၆၁ တပ်ရင်းမှ တပ်သား ၁ ဦးသည် ရှေ့ တန်းစစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့အ လင်း ဝင်ရောက်ခဲ့သူမှာ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်း နေရသော စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သူ စစ်ကောင်စီတပ်သားနှင့်အတူ MA-11 အမျိုးအစား သေနတ် ၁ လက် ၊ ကျည် ဘောက် ၃ ဘောက်၊လက်ပစ်ဗုံး ၂ လုံး၊ ခဲယမ်းမီးကျောက်များနှင့် အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် အာဏာရှင်စစ်ခေါင်းဆောင်များ၏ လူတစ်စုအကျိုးအတွက်အ ကြမ်းဖက် ဖိနှိပ်သည့်လုပ်ရပ်များတွင် ထောက်တိုင်များအဖြစ်ရပ်တည်၍ ချေမှုန်းခံမည့်အစား အချိန် မီ လက်နက်အပ်၍ ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ဘဝသစ်တွင်ရှင်သန်ကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article