32.2 C
Yangon

မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်

Must read

ရန်ကုန်။ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော မိုးကာအုပ် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် နမခ ဌာနချုပ်မှ ထပ်မံ ထွက်လာသော သံချပ်ကာပါဝင်သော စစ်ကား ၁၀ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေနှင့် စစ်ကားများ ပျက်စီးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများဘက်က လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ သောကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နမခက ထွက်လာတဲ့ စစ်ခွေးကားတွေကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေးကားတွေနဲ့ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ နှင့် အတူ Eleven People Defense Force ၊ Nway Oo Brothers column ၊ ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ-၃) ၊ စစ်ကိုင်းခရိုင် တပ်ရင်း (၅) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မိုင်းဆွဲ တိုက်ခိုက် ခံထားရသော စစ်ကားတစ်စီး (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုင်းဆွဲ တိုက်ခိုက် ခံထားရသော စစ်ကားတစ်စီး (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article