32.2 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာတစ်နိုင်ငံလုံးမှာ စစ်မျက်နှာ အစုံဖွင့် တိုက်ပွဲဝင်ကြမယ့် ယခု ၂၀၂၅ ခုနှစ်မှာ ဧရာ၀တီတိုင်း ကလည်း အရေးကြီးတဲ့ စစ်မျက်နှာဖြစ်လာမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်ပါတယ်။
  • ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့က ပြည်သူတွေ မပြောင်း ရွှေ့ကြဖို့ အကြမ်းဖက် စစ်ကောင်စီတပ်က လိုက်လံတားမြစ်နေပေမယ့် အများစုဟာ ပုသိမ်မြို့ကို ပြောင်းရွှေ့နေကြပြီး ၊ သာပေါင်းမြို့နယ်မှာလည်း စစ်ဘေးတိမ်းရှောင်ရင် နေအိမ်တွေ ချိတ်ပိတ်မယ် ဆိုပြီးတော့ပါ စစ်ကောင်စီတပ်က လိုက်လံခြိမ်းခြောက်နေပြန်တယ်လို့ ပုသိမ်မြို့နယ် သတင်းအထူး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးဟာ လက်နက်ခဲယမ်း တွေနဲ့အတူ မရမက ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article