ရန်ကုန်၊ ဇန်နဝါရီ ၂၃
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရေတွင်းကုန်းရွာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသော ကိုချစ်နန်း ရခိုင် တိုက်ပွဲအတွင်း သေဆုံးမှုကို Khit Thit က သတင်းဖော်ပြပြီးနောက် အကြမ်းဖက် စစ်တပ်က မိသားစုထံ ထောက်ပံ့လျှော် ကြေး ငွေကျပ် ၈ သိန်း လာပေးကြောင်း မိသားစုနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်း စစ်မှုထမ်း တပ်သား ကိုချစ်နန်း ရခိုင်တိုက်ပွဲတွင် သေဆုံးသွားကြောင်း Khit Thit က သတင်းဖော်ပြပြီးနောက် နာရီပိုင်းအကြာ ချက်ချင်းပင် စစ်တပ်က ကျန်ရစ်သူမိသားစုထံသို့ သွားရောက်၍ ထောက် ပံ့ကြေး ပေးအပ်ကြောင်း၊ ကိုချစ်နန်း၏ မိသားစုထံ အကြမ်းဖက် စစ်တပ်က ထောက်ပံ့ကြေး ငွေကျပ် ၈ သိန်း လာရောက်ပေးကြောင်း၊ ထို့ပြင် ငွေကျပ် ၅ သိန်းလည်း ထပ်မံလာပေးမည်ဟု စစ်တပ်က ပြောဆိုသွားပြီး ကိုချစ်နန်း၏ ဇနီဖြစ်သူကိုလည်း နောက်အိမ်ထောင်မပြုမချင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ လူမမယ် ကလေး ၂ ဦးကိုလည်း အသက် ၁၈ နှစ် ပြည့်သည်အထိ ထောက်ပံ့ပေးပါမည်ဟု ပြောဆိုသွားကြောင်း သိရှိရသည်။
“ကိုချစ်နန်း မိသားစုထံ မနေ့က မွန်းလွဲပိုင်းလောက်မှာ စစ်ခွေးတွေက ထောက်ပံ့ကြေး ၈ သိန်း လာရောက် ပေးသွားတယ်လို့ သိရတယ်။ နောက်ထပ် ၅ သိန်းလည်း ထပ်ပေးဦးမယ်လို့ ပြောတယ်။ ကိုချစ်နန်းမှာက ဇနီးဖြစ်သူနဲ့ လူမမယ် ကလေး ၂ ဦးကျန်ခဲ့တယ်။ ကိုချစ်နန်းရဲ့ အမျိုးသမီးကိုလည်း နောက်အိမ်ထောင်မပြုမချင်း ထောက်ပံ့ပေးမယ်တဲ့ ကလေးတွေလည်း အသက် ၁၈ နှစ်ထိ ထောက်ပံ့ပေးမယ်လို့ ပြောသွားပါတယ်။ စစ်ခွေးတွေက အဲလိုလာပေးတာ မီဒီယာမှာ ပါလာလို့ ဒီကောင်တွ လာပေးတာ နဂိုတည်းက ပေးချင်စိတ်ရှိရင် သေဆုံးသွားကြောင်း လာပြောတည်းက ပေးမှာပေါ့။ သူတို့ ဆက်ထောက်ပံ့မယ်ဆိုတာလည်း ပါးစပ်ပြောပဲပြောသွားတာ” ဟု ကျန်ရစ်သူ မိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။
ကိုချစ်နန်းကို ၂၀၂၄ ခုနှစ်၊ မေလတွင် အကြမ်းဖက် စစ်တပ်က နေအိမ်အတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၇ လ အကြာတွင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရကြောင်း၊ ရခိုင်ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီးနောက် မိခင်ဖြစ်သူနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
လက်ပံတုန်းကျေးရွာအုပ်စုတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားသော လူငယ် ၁၅ ဦးသည်လည်း မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေ၍ မိဘဖြစ်သူများက စိုးရိမ် ပူပန်နေကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar