25 C
Yangon

မင်းလှတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ အချက်အလက်များကို လိုက်လံ စုံစမ်းနေသည့် ပျူစောထီး မိုးကြီးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေးရွာမှ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီးကို နေအိမ်အတွင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ တပ်ခွဲ ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး သည် အကြမ်းဖက် စစ်တပ် ထံ မမှန်သတင်းပေးကာ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်း၍ အကြမ်းဖက် စစ်တပ်ထံ သတင်း ပေးခြင်းများ လုပ်ဆောင်နေသောကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီလူကပြည်သူတွေကို PDF ထောက်ပို့ဆိုပြီး စစ်ခွေးတွေကို သတင်းပေးတယ်။ သူ့ကြောင့် ဖမ်းဆီးခံရတဲ့ သူတွေရှိတယ်။ စစ်ကြောရေး ရောက်နေတဲ့ သူတွေရှိတယ်။ နောက်ပြီးတော့ သူကတော်လှန်ရေး တပ်ဖွဲ့တွေ သွားတာ လှုပ်ရှားတာတွေကို စောင့်ကြည့်ပြီးတော့ စစ်ခွေးတွေကို သတင်းပေးတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေ ဘယ်နေရာမှာ မိုင်းထောင်ထားတယ် အဲလိုမျိုးတွေ သတင်းပေးတယ်။ သူ့ကြောင့် တော်လှန်ရေး ရဲဘော်တွေ အလုပ်လုပ်ကိုင်ရတာတွေလည်း တော်တော်ခက်တယ်။ အဲလိုမျိုးတွေ လုပ်နေတော့ သတိပေးလည်း မရတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အရင်ကလည်း သူ့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ဖူးတယ်။ အဲလိုဝင်ပစ်တုန်းကလည်း အိမ်မှာမနေဘဲ တခြားမှာသွားနေလို့ လွတ်သွားတာ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

မင်းလှမြို့နယ်တွင် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီ တပ်သားများနှင့် စစ် ထောက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့ အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article