30 C
Yangon

တနင်္သာရီမြို့နယ်၊ တနင်္သာရီ – မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၅၀ ကျော် သေဆုံးကာ တော်လှန်ရးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်ဝါရီ ၂၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၅၀ ကျော်သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်မြိတ်ခရိုင်ပူးပေါင်း စစ် ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ယနေ့ ဇန်နဝါရီလ ၂၄ ရက်‌ နေ့အထိ အကြမ်းဖက်စစ်တပ်က အင်အားအလုံး အရင်းဖြင့် တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် သိန်းခွန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲကာလ ၁ လကျော် အတွင်း အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ၃ ဦးကျဆုံးထားပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားတွေထပ်ဖြည့်၊ ထပ်တက်နေလို့ တိုက်ပွဲက ပြင်းထန်နေဆဲပါ၊ စခတွေဘက်က ထိခိုက် သေ ဆုံးမှုတွေများတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ ဒါပေမယ့် ပြန်မဆုတ်သေးဘူး။ အင် အား တွေ ထပ်ဖြည့် ထပ်တက်နေတုန်းပဲ၊ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တာ ရှိပါတယ်” ဟု မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော လက်နက် ၄ လက်၊ လက်ပစ်ဗုံး၊ အီနာဂါ ဗုံးသီး၊ ကျည်ဆံများနှင့် စစ်အသုံအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၁ ၊ ကော်သူးလေတပ်မတော် (ထီးဆဲ့မဲ့ ရွာ စစ်ကြောင်း) နှင့် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့နေခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယင်း တိုက်ပွဲကို အထောက်အကူဖြစ်စေရန်အတွက် မြိတ် -တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေသော ခရီးသွားပြည်သူကားများကို အသုံးချကာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားနေ ကြောင်း သိရသည်။

ထို့ကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ပြီး ပြည်သူများ ထိခိုက်မှုမရှိစေရန်အတွက် ယင်းလမ်းပိုင်းကို ယာယီပိတ်ပင်လိုက်ပြီး ခရီးသွားမိဘပြည်သူများ အနေ ဖြင့် ပူးပေါင်းပေးကြပါရန်နှင့် ခရီးသွားလာခွင့်ပြုမည့်အချိန်အား ထပ်မံ အသိပေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article