21 C
Yangon

ချောင်းသာမြို့မှ စစ်ဘေး တိမ်းရှောင်မည့် ပြည်သူများကို စစ်တပ်က ခရီးသွားရွှေ့ပြောင်း ထောက်ခံစာများ ပြုလုပ်ခိုင်းပြီး စိတ်ကြိုက် ငွေညှစ်နေ

Must read

ချောင်းသာမြို့မှ စစ်ဘေး တိမ်းရှောင်မည့် ပြည်သူများကို စစ်တပ်က ခရီးသွားရွှေ့ပြောင်း ထောက်ခံစာများ ပြုလုပ်ခိုင်းပြီး စိတ်ကြိုက် ငွေညှစ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှ စစ်ဘေးတိမ်းရှောင်မည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ခရီးသွားရွှေ့ပြောင်း ထောက်ခံစာများ ပြုလုပ်ခိုင်းပြီး စိတ်ကြိုက် ငွေညှစ်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စ၍ ချောင်းသာမြို့မှ စစ်ဘေးတိမ်းရှောင်မည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက ခရီးသွား ရွှေ့ပြောင်း ထောက်ခံစာများ ပြုလုပ်ခိုင်းပြီး လမ်းခရီးတွင်လည်း စစ်ဆေးမှုများများ ပိုမို များပြားလာကြောင်း သိရသည်။

ချောင်းသာမြို့ အမှတ် ၂ ရပ်ကွက် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး မြင့်ကြိုင် သည် ၎င်း၏ တပည့်များနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သေနတ် ၄ လက်နှင့် ကျည်အတောင့် ၃၀၀ ကို ကိုင်ဆောင်ထားပြီး ခရီးသွား ပြည်သူများကို ထောက်ခံချက် မပြုလုပ်ပေးလိုသည့်သဘောဖြင့် ဆူပူကြိမ်းမောင်း ခြိမ်းခြောက်ကာ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် ခရီးသွားရွှေ့ပြောင်း ထောက်ခံစာများကို ချောင်းသာမြို့ရှိ ရပ်ကွက် ၁ ၊ ရပ်ကွက် ၂ နှင့် ရပ်ကွက် ၃ ရုံးများတွင်လည်း ပြုလုပ်ပေးနေပြီး မကျီးဇင်ရွာနှင့် ဘောမိရွာမှ ဒေသခံမဟုတ်သော ပြည်သူများ ထောက်ခံစာ တစ်စောင်လျှင် အုပ်ချုပ်ရေးမှူးများက ငွေကျပ် သောင်းချီး တောင်းခံပြီး ဒေသခံပြည်သူများကို တစ်စောင်လျှင် ငွေကျပ် ၂၀၀၀ ဖြင့် ထုတ်ပေးနေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ ထုတ်ပေးသော ခရီးသွားရွှေ့ပြောင်း ထောက်ခံစာများမပါဘဲ ပြောင်းရွှေ့သော ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ်၏ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်သော စစ်ကောင်စီ တပ်သားများက ငွေကျပ် သိန်းချီတောင်းခံမှုများလည်းရှိပြီး ငွေကြေးမပေးနိုင်ပါက ထောက်ခံစာပြန်လုပ်ခိုင်းပြီး ထွက်ခွာခွင့်မပေးခြင်းများလည်းရှိကြောင်း၊ ထိုသို့ ထွက်ခွာစာမရှိဘဲ ရွေ့ပြောင်းသူများကို အုပ်ချုပ်ရေးမှူးများ ထပ်မံ ငွေညှစ်တောင်းခြင်းကြောင့် ငွေကြေး မတတ်နိုင်သော ပြည်သူများသည် ရွှေ့ပြောင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဇန်နဝါရီလပိုင်းမှ စ၍ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်းဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် ချောင်းသာကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်ခြင်းမရှိတော့ဘဲ ဟိုတယ်များလည်း ပိတ်သိမ်းမှုများ ရှိကာ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဒေသပြည်သူများလည်း စစ်ဘေးတိမ်းရှောင်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article