ရန်ကုန်၊ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ လေးလမ်းဂိတ်ကို မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Civilian Military -SRDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လေးမိုင်ဂိတ်မှ အကြမ်းဖက်စစ်သားများသည် ပြည်သူများကို ဖမ်းဆီး၊ ငွေညှစ်ခြင်းနှင့် စစ်သားသစ်အဖြစ်အတင်းအဓမ္မ စုဆောင်းနေသည့် စစ်ဆေးရေး ဂိတ်ဖြစ်သော ကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မစ်ရှင် မဖော်ခင် စောင့်ကြည့်ချိန် ပြည်သူ ကား ၂စီးကို သူတို့အတော်စစ်နေကြတယ်။ ပြည်သူကား ၂ စီးပြန်ထွက်ချိန် သူတို့ပြန်စုပြီး စားသောက်ချိန်မှ အဝေးထိန်း မိုင်းနဲ့ခွဲခဲ့တာပါ “ဟု Civilian Military -SRDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Civilian Military -SRDF စစ်ဆင်ရေးစစ်ကြောင်းနှင့် ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar