ရန်ကုန်၊ ဇန်နဝါရီ ၂၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းနှင့်ကျေးရွာအနီးတဝိုက်ကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လသားအရွယ်က လေးတစ်ဦး၊ ၄ နှစ် အရွယ် ကလေးတစ်ဦးနှင့် မိသားစုများအပါအဝင် ၁၉ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ် ၊ ဆင်းဂွတ်ရွာ စာသင်ကျောင်း ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ချခဲ့ကြောင်း၊ ထို့ နောက် MI 35 ရဟတ်ယာဉ်ဖြင့် ဆင်းဂွတ်ကျေးရွာအတွင်း အပြင်တို့ကို လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိ ရသည်။
ထို့သို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆင်းဂွတ်ကျေးရွာအနီး မြစ်ရေတင်ဆိုဒ်၌ ဘက်ဖိုးမောင်းသူ မိသားစုလိုက်သေဆုံးပြီး ယင်းသေဆုံးသူများထဲတွင် လသားအရွယ်ကလေးတစ်ဦး၊ ၄ နှစ်သားအရွယ် ကလေးတစ်ဦးတို့ပါဝင်ကြောင်း၊ ထို့အပြင် ကျေးရွာစာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးဖြင့် ကျဲတိုက် ခိုက်မှုတွင်လည်း ဆေးဝါးကုသမှုခံယူနေသည့် သားအရွယ်ကလေးနှင့်နို့တိုက်မိခင်တစ်ဦးအပါအဝင် ပြည်သူ စုစုပေါင်းသေဆုံးသူ ပြည်သူ ၁၈ ဦးနှင့် ပကဖတပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
“ရွာနားမှာ မြစ်ရေတင်ဆိုဒ်ထဲမှာ ဘက်ဖိုးမောင်းတဲ့ မိသားစုလိုက်သေတယ်၊ လသားကလေးက နို့ တိုက်နေရင်း မိခင်ရောပါသေတာ၊ ကလေးကို မိခင်အလောင်းက ပိနေတာ၊ ၄ နှစ်အရွယ်ကလေး ဆိုရင်လည်း ခြေထောက်တစ်ဖက်ပဲ တွေ့ရတယ်၊ ကလေးနှစ်ယောက်ရယ်၊ အဖေ၊ အဖေရယ်မိသားစု လိုက်ကြီးသေသွားတာ၊ စာသင်ကျောင်း ဗုံးကျဲတဲ့အထဲမှာလည်း ဆေးလာကုနေတဲ့ အမျိုးသမီးနဲ့ လသားအရွယ်ကလေး သားအမိနှစ်ယောက်လုံးသေတယ်၊ ဆေးလာကုတဲ့သူတွေသေတာများတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီကလည်း နွားထိုးကြီးမြို့နယ်၊ ပဲချက်အရှေ့ရွာကို အကြမ်းဖက်စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး ၁၆ လုံးကျဲချရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၈ လုံးနှင့် နွားစာတိုက် တစ်လုံး မီးလောင်ခဲ့ပြီး ပြည်ပိုင်နွား ၁၄ ကောင်သေဆုံးကာ ၄ ကောင် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာနေပြည်သူလူထုအပေါ် လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေ ဖြင့်လည်း ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးသတိပေးချက်များကို လိုက်နာပေးကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





