21 C
Yangon

ညောင်ရွှေမြို့နယ်၊ ရေပူရွာကို စစ်တပ်နှင့် PNA က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံး အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံး အပါ အဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးလောင်ဗုံး အပါအဝင် လက်နက်ကြီးများဖြင့် ၅ ကြိမ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ပြည်သူတွေတော့ ထိခိုက်မှု မရှိပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး လူသားမဆန်တဲ့ လုပ်ရပ်တွေ၊ မကောင်းတဲ့လုပ်ရပ်တွေ ကို အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နေရာအနှံ့မှာ လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ ဘုရားတောင်လွယ်နွဲ့ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ၃ ကြိမ် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ရေပူရွာမှ စစ်ဘေးရှောင် ၁၄ ဦး ထိခိုက် ဒဏ်ရာရကာ အသက် ၆ နှစ်အရွယ် မိန်းကလေး ၁ ဦး ၊ အသက် ၅၀ ကျော်အရွယ် ဦးစိုင်း နှင့် ‌အသက် ၂၆ နှစ် ဝန်းကျင်ရှိ မောင်သိန်းအောင် လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article