21 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်းပြည်နယ်က ဗန်းမော် လေယာဉ်ကွင်း နဲ့ လေဆိပ် ဧရိယာ တစ်ခုလုံးကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြား ကိုလည်း သိမ်းဆည်း ရရှိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့က ကျောက်တံတား၊ သာကေတ နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွေမှာ စစ်မှုထမ်းရမယ့် အမျိုးသမီး နဲ့ အမျိုးသား စာရင်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ဆင့်ခေါ်စာ ပေးပို့ တရားဝင် ကောက်ခံနေပြီဖြစ်တဲ့အပြင် ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေ နဲ့ အရေးယူမယ် ဆိုပြီးတော့ပါ ခြိမ်း ခြောက်လာနေပြီလို့ ဒေဿခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြည်တွင်းပြည်ပက မလိုလားတဲ့ အဖွဲ့တွေကနေ နည်းလမ်းမျိုးစုံနဲ့ သွေးခွဲ နေတဲ့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ပြည်သူတွေကိုပါ အထူးဂရုစိုက် ကြပါဆိုပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article