26 C
Yangon

ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး၊ ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီးတွင် အရက်မူးပြီး ရေးဆင်ကူးသည့် ရဲ ၃ ဦး နေနစ်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ သီတာမောင်တော်နှမတော်နှင့် အမေသီတာ နတ်နန်း အနီးရှိ ချောင်းထဲတွင် အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေတိမ်နစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရဲများသည် ဟင်္သာတမြို့ မှ အင်အားဖြည့်ရန် ရေကြည်မြို့နယ်ကို ပို့ဆောင် ခံထားရသူများဖြစ်ကြောင်း၊ ၎င်းတို့ ရေနစ်သေဆုံးခဲ့သော နေရာများသည် ရိုးရာ နတ်နန်းများရှိသည့်အတွက် အရက်သေစာ သောက်သုံးကာ မထီမဲ့မြင် ပြုလုပ်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲ ကျင်းပနေသော မဏ္ဍပ်များ၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက အန္တရာယ်ကင်းပဌာန်း ရွတ်ဖတ်ရန် မဏ္ဍပ်တိုင်းကို ဖိအားပေးစေခိုင်းနေခြင်းဖြစ်ပြီး ပဌာန်းရွတ်ဖတ် ပူဇော်ရန် စီစဉ်ပြီးသော မဏ္ဍပ်များအနေဖြင့် သတ်မှတ်ရက် အချိန်အတိုင်း ရွတ်ဖတ် ပူဇော်ပြီး ရပ်ကွက်လူကြီးများမှ တဆင့်မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ပေးပို့ပေးကြရန် နှင့် စီစဉ်ထားခြင်းမရှိသော မဏ္ဍပ်များအနေဖြင့်လည်း ရွတ်ဖတ်ပူဇော်နိုင်ရေး လိုက်လံ ဖိအားပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် AA ၏ ထိုးစစ်များကြောင့် ချောင်းသာနှင့် ပုသိမ်မြို့ အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကြောက်လန့်နေခြင်းဖြစ်ပြီး ဘောမိရွာ တိုက်ပွဲတွင် ထိခိုက် ဒဏ်ရာပြင်းထန်ကာ သေဆုံးခဲ့သော စစ်သားမသာအလောင်းများကိုလည်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွှေမြင်တင် မီးသဂြိုလ်စက်၌ ထပ်မံ သဂြိုလ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article