ရန်ကုန်၊ ဇန်နဝါရီ ၂၇
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defense Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော အ ကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ အမ်း – ပဒါန်း လမ်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး MA-1 အမျိုးအစား သေနတ် ၅ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုးအစား သေနတ် ၁ လက်၊ MA-15 အမျိုးအစား သေနတ် ၁ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။
“တိုက်ပွဲတော့မဖြစ်ခဲ့ဘူး။ တားဆီးတဲ့အချိန်မှာလည်း ဒီတစ်ခါတော့ ပြန်လည်ပစ်ခတ်တာမျိုး မဖြစ်ခဲ့ ကြဘူး။ ဒါပေမယ့် ၁၇ ယောက်လုံးကို တစ်နေရာတည်း တစ်ချိန်တည်းမိတာတော့ မဟုတ်ဘူး။ ရက် အသီးသီးမှာမှ ၁ ယောက်တည်းမိတာမျိုးလည်း ရှိသလို၊ နှစ်ယောက်တစ်ဖွဲ့၊ ၅ ယောက်တစ်ဖွဲ့၊ ၄ ယောက်တစ်ဖွဲ့ ဒီလိုမျိုးတွေလည်း ရှိပါတယ်၊ ဖမ်းဆီးရမိတဲ့အထဲမှာလည်း လက်နက်ပါတဲ့သူရှိသလို လက်နက်တွေကို တောတောင်တွေထဲမှာ စွန့်ပစ်ခဲ့တဲ့သူ၊ ရခိုင်ပြည်နယ်ထဲက သူတို့တပ်စွဲထားတဲ့ စခန်းတွေမှာ လက်နက်တွေဖွတ်ခဲ့ပြီးတော့ ပုံစံအမျိုးမျိုးနဲ့ ပြေးလာကြသူတွေလည်းရှိတယ်” ဟု Chin Defense Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖမ်းဆီးရရှိသူ စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာ ပြုစုထိန်းသိမ်းစောင့်ရှောက်ထားပြီး ကျန်း မာရေးမကောင်းသူ၊ နာတာရှည်ရောဂါပါလာသူ၊ ခြေလက်မသန်စွမ်းတဲ့သူများကို အစွမ်းရှိသမျှ ဆေးဝါး ကုသပေးထားကာ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း အသိပေး ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar