25 C
Yangon

ကော့သောင်းတွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် မြင့်ဆွေ ပစ် ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် “PDF တွေ သေချင်ရင် လာခဲ့” ဟု စိန်ခေါ်ထားသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ခေါင်းဖြူ (ခ)မြင့်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ ဟတ်စဒင်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ခေါင်းဖြူ (ခ)မြင့် ဆွေကို ၎င်းနေထိုင်ရာ ဟက်စဒင်းကျေးရွာအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံး သွား ကြောင်း သိရသည်။

သေဆုံးသူ မြင့်ဆွေသည် အကြမ်းဖက် စစ်ကောင်စီတပ် အားကိုးဖြင့် ဒေသနေပြည်သူများအပေါ် နိုင် ထက်စီးနင်းလုပ်နေခြင်း၊ တော်လှန်ရေးသမားများအား စုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီထံသို့ သ တင်းများပေးပို့ခြင်းနှင့် စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းရာတွင် အားကြိုးမန်တက် ပါဝင် ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ရပ်များကို မလုပ်ဆောင်ရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းထံသို့ သတိပေးစာများ ပေးပို့ခဲ့သော်လည်း ဂရုမစိုက်သည့်အပြင် “PDF တွေ သေချင်ရင် လာခဲ့” ဟု ကြွေးကြော်နေသူဖြစ်ကြောင်း သိရသည်။

“သူက ပျူစောထီးခေါင်းဆောင်၊ ရာအိမ်မှူးလည်း ဟုတ်တယ်။သူက လက်နက်ကိုင်ဆောင်ပြီး စကစ အားကိုးနဲ့ ပျူစောထီးအရှိန်အဝါနဲ့ ရပ်ထဲရွာထဲမှာ ထင်တိုင်းကျဲနေတဲ့ လူတစ်ယောက်၊ သူ့ကို ဒေသခံ အများစုကတော့ ခေါင်းဖြူပဲခေါ်ကြတာ။ မြင့်ဆွေဆိုပြီးတော့ တော်ရုံမခေါ်ကြဘူး။ အလောင်းကို တော့ ကော့သောင်းဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ပျူစောထီးများ အစရှိသော စစ်ကောင်စီထောက်တိုင်များအားလုံး အနေဖြင့် အချိန် မနှောင်းခင် ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူနှင့်အတူပူးပေါင်းကြပါရန်နှင့် ပြည်သူ့ ဘက်မရပ်တည် သော မည်သူ့ကိုဖြစ်စေ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လုပ်ထုံးလုပ် နည်းအညီ ထိရောက်စွာ အရေးယူနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article