26 C
Yangon

ရခိုင်တွင် AA က မြို့ပြအုပ်ချုပ်ရေး စနစ် အကောင်အထည်ဖော်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်

Must read

ရန်ကုန်| ဇန်နဝါရီ ၂၉

ရခိုင်တွင် AA က မြို့ပြအုပ်ချုပ်ရေး စနစ် အကောင်အထည်ဖော်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့ဝင်များဖြင့် စနစ်တကျ ဆောင်ရွက်နေကြောင်း ဒေသသတင်းရင်းမြစ် APM ကသတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင် ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ် ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။

ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရှိရသည်။

AA က ရခိုင်ပြည်နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ရရှိထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကိုသာ သိမ်းပိုက်ရန်ကျန်ရှိတော့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရှေးဟောင်း မြောက်ဦးမြို့တော်မှာ တွေ့ရသော အာရက္ခစစ်သည်တော်များ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေစဉ်။ (ဓါတ်ပုံ – APM)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article