27 C
Yangon

ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် လက်နက်နှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF – Karenni Nationalities Defense Force က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၇ရက်နေ့ ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ် ၁ ဦးသည် MA-3 သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ KNDF ထံသို့ထွက်ပြေးရောက်ရှိလာ၍ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘက်ပြောင်းခိုလှုံလာသော အရာခံဗိုလ်သည် စစ်မှုထမ်းလုပ်သက် ၄၀ နှစ်ကျော်ရှိပြီဖြစ်ပြီး မတရားသော လုပ်ရပ်များနှင့် အာဏာရှင်စနစ်ဆိုးအောက်တွင် ဆက်၍တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ခြင်းကြောင့် KNDF ထံထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း၊ KNDF က ဘက်ပြောင်းခိုလှုံလာသော အရာခံဗိုလ်ကို ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF – Karenni Nationalities Defense Force က တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article