25 C
Yangon

ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့် ပြန်သယ်လာပြီး စစ်အရာရှိ ၂ ဦး ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ဧရာ၀တီတိုင်းနှင့်ရခိုင်ပြည်အစပ်တိုက်ပွဲများမှ ဒဏ်ရာရရှိသော စစ်သားများကို ဖောကားများဖြင့်သယ်ဆောင်လာခဲ့ပြီး စစ်အရာရှိ ၂ ဦးမှာမူ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ကြောင်း​ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေသောင်ယံ၊ ဘောမိကျေးရွာတိုက်ပွဲမှ အရာရှိများနှင့်စစ်သားများ ဒဏ်ရာရရှိခဲ့ပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ပုသိမ်မြို့နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးကုသမှုခံယူနေသော စစ်အရာရှိ ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ သေဆုံးသွားသော စစ်အရာရှိ ၂ ဦးကို ရွှေမြင်တင်မီးသဂြိုလ်စက်တွင် ဘဝဆည်းဆာနာရေးကား ၊ Faw ကား ၂ စီး၊ စစ်သားမိန်းမများ လိုက်ပါလာသော ကားများ ၊ အိမ်စီး ကားများ၊ ဗိုလ်မှူးကား ၁ စီး စုစုပေါင်းကား ၉ စီးဖြင့် လုံခြုံရေးယူ၍ အလံအုပ်ကာ နေ့ချင်းမီးသဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေမြင်တင် မီးသဂြိုလ်စက်တွင် ညအချိန် ဘောမိတိုက်ပွဲမှ သေဆုံးသွားသော စစ်သား အလောင်းများကိုလည်း ဆက်တိုက်ဆိုသလို မီးသဂြိုလ်မှုများလည်းရှိပြီး စစ်အခမ်းအနားဖြင့် ညပိုင်း သေနတ်ဖောက် သဂြိုလ်နေ၍ ပြည်သူများ ထိတ်လန့်နေကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန်ကလည်း ချောင်းသာဘက်မှ အကြမ်းဖက် စစ်တပ်၏ FAW ကား ၁ စီး အပြည့်ပါလာသော ဒဏ်ရာရ စစ်ကောင်စီ တပ်သားများကို အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်း သို့ လာရောက် ပို့ဆောင်သွားကြောင်း၊ အဆိုပါ ဒဏ်ရာရ စစ်သားများသည် ရခိုင်နှင့် ဧရာဝတီ အစပ် ရွှေသောင်ယံမြို့ဘက်မှ ဖြစ်ကြောင်း သိရှိရသည်။

ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော်က ပွိုင့် ၂၆၃ စခန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့နှင့် ပွိုင့် ၃၆၉ စခန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပွိုင့် ၂၆၃ စခန်းကို လေကြောင်း၊ လက်နက် ကြီး ပစ်ကူများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့အရာရှိ ၁ ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တိုက်ပွဲတွင် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့အရာရှိ ၁ ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article