ရန်ကုန်၊ ဇန်ဝါရီ ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နယ်ရှိ ဇီးကုန်းမြို့၊ နဂါးပေါ်ရွာ နှင့် ပုပ္ပါးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကားများဖြင့် ဝင်ရောက် စီးနင်းပြီး လူငယ် ၁၀၀ နီးပါးကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့မှ မြို့နယ်ရဲမှူးအပါအဝင် ရဲကား ၃ စီးနှင့် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းမှ စစ်ကား ၆ စီးက ဇီးကုန်းမြို့ပေါ် ရောက်ရှိလာပြီး မြို့ပေါ် ရပ်ကွက်အတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၉ တွင် တက်ရောက်ရန် စုဆောင်းခံရသည့် လူငယ်များ။
ထို့ပြင် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်ကလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်မှ စစ်ကောင်စီ တပ်သားများကလည်း စစ်ကား ၄ စီးဖြင့် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာ အတွင်းကို ကားများဖြင့် ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ငွေနဲ့ ရွေးခိုင်းတာတော့ မကြားသေးဘူး။ လူငယ် လူလတ်ပိုင်းတွေချည်းဆွဲသွားတာ”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ပို့ဆောင်မည်ကို မသိရှိရသေးကြောင်း၊ သားသမီးများ ပါသွားသည့် မိသားစုဝင်များမှာ အရူးတစ်ပိုင်း ဖြစ်နေပြီး မည်သို့ လုပ်ဆောင်ရမည်ကို မသိရှိဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ကန့်ဘလူမြို့နယ် အတွင်း ပျူစောထီး ခေါင်းဆောင် ဝါသဝနှင့် မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဇန်နဝါရီ ၁၅ ရက်နေ့မှစ၍ ကျေးရွာတချို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး ကန့်ဘလူမြို့ ဗျူဟာမှူးပင် မသိရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar