25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံတစ်ဝန်းကနေ ရန်ကုန်မြို့ကို လာရောက် တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်သူတွေကိုပါ စစ်ဆေးဖမ်းဆီးဖို့ ကြံစည်နေပြန်တယ်လို့ စစ်ကောင်စီရဲ့ လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေဟာ သာပေါင်းမြို့ အနီးထိ ရောက်နေတဲ့အချိန် တစ်ဖက်မှာတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ရဲမှူးကြီး တင်ဇော်ထွန်းနဲ့ပူးပေါင်းရဲတပ်ဖွဲ့တွေက လာဘ်ပေးလာဘ်ယူတွေအကြီးအကျယ်လုပ်နေကြသလို ၊ ပုသိမ်မြို့ က လောင်းကစားဒိုင်တချို့ကိုပါ ဝင်ဖမ်းပြပြီးတော့ ငွေကျပ် သိန်းရာချီတောင်းပြီး ၊ ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲသတင်းရင်းမြစ်ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်းက လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းကျေးရွာမှာ စစ်တပ်အားကိုးနဲ့ပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ်ပြီး ခြိမ်းခြောက်ငွေညှစ်နေတဲ့ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန်ရဲ့ နေအိမ် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက် ခံရပြီး တစ်အိမ်လုံး မီးလောင်ပြာကျသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article