25 C
Yangon

ရွှေတောင်နှင့် ဥသျှစ်ပင် စစ်ဆေးရုံများတွင် မိုးထိတောင် စစ်တပ်စခန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်သား အများအပြား ရောက်ရှိနေပြီး စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံးဒဏ်ရာရသူများတွင် ပါဝင်နေ

Must read

ရွှေတောင်နှင့် ဥသျှစ်ပင် စစ်ဆေးရုံများတွင် မိုးထိတောင် စစ်တပ်စခန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်သား အများအပြား ရောက်ရှိနေပြီး စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံးဒဏ်ရာရသူများတွင် ပါဝင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများတွင် မိုးထိတောင်စစ်တပ်စခန်းတိုက်ပွဲမှ ဒဏ်ရာရ စစ်သား ၂၀၀ ဝန်းကျင်ရောက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံး ဒဏ်ရာရခဲ့ကြောင်း စစ်မှုထမ်းတပ်သားများ၏ မိသားစု ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် AA နှင့် တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းအစပ်၊ ပန်းတောင်းမြို့နယ်၊ မိုးထိတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း၊ အလောင်းများသိမ်း ပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲမှာ ဒဏ်ရာရရှိသော စစ်သား ၂၀၀ ခန့်မှာ လက်ရှိတွင် ရွှေတောင်မြို့ နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများတွင် ရောက်ရှိ ဆေးကုသမှု ခံယူနေကာ စစ်မှုထမ်းတပ်သားသစ်အများအပြားပါ ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“အပတ်စဉ် ၅ နဲ့ အပတ်စဉ် ၆ က စစ်မှုထမ်းတွေ တော်တော်များပါတယ်။ မိုးထိတောင် တိုက်ပွဲမှာ ဒဏ်ရာရပြီး ရွှေတောင်စစ်ဆေးရုံကို ရောက်လာတာ။ ကျဆုံးတာတွေလည်း များတယ်။ အခုတော့ ဒဏ်ရာရထားလို့ မိသားစုတွေဆီ ဖုန်းဆက်ခွင့်ပေးတယ်။ သွားတော့ ကြည့်လို့မရသေးဘူး။ ဒဏ်ရာရက သက်သာရင်လည်း ရှေ့တန်းပြန်ပို့မယ်ပြောလို့ ဆေးရုံမဆင်းခင် လာတွေ့ဖို့ ကလေး (တူဖြစ်သူ) က ပြောနေတယ်” ဟု ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ စစ်မှုထမ်းတပ်သားဖြစ်သူ၏ အဒေါ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရွှေတောင်မြို့နယ်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ဒဏ်ရာရ စစ်သား ၂၀၀ ကျော် အနက် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ ရှိသူများပါဝင်ပြီး တိုက်ပွဲအတွင်း ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပုဂ္ဂလိက ဒိုင်နာ၊ ကင်တာနှင့် FAW ကားများကို ဖမ်းဆီးချောဆွဲပြီး ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်၊ ညောင် ဂျိုးဂိတ်သို့ လက်နက်နှင့် ခဲယမ်းများ ပို့ဆောင်ခိုင်းပြီးနောက် အပြန်တွင် မိုးထိတောင် တိုက်ပွဲမှ ဒဏ်ရာ စစ်သားများကို တင်ဆောင်ကာ ရွှေတောင်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။

မိုးထိတောင်တိုက်ပွဲတွင် ဒဏ်ရာရရှိသူများအနက်မှ ပြင်ပဒဏ်ရာမျှ သာရရှိပြီး ပြန်လည် သက်သာလာသည့် စစ်သားများကို ရှေ့တန်းစစ်မြေပြင်သို့ ပြန်လည်စေလွှတ်နေကာ မိုးထိတောင်တပ်စခန်းကို ပြန်လည် သိမ်းပိုက်ခိုင်းနေကြောင်း၊ ဥသျှစ်ပင်မြို့တွင် စစ်တပ်က အင်အားစုစည်းနေပြီး မကြာမီ မိုးထိတောင်တပ်စခန်း သို့ ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ-ဥသျှစ်ပင်မြို့ စစ်ဆေးရုံ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article