25 C
Yangon

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မဲပလီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင် ၂၉ ဦး အရှင်ဖမ်းဆီးရရှိ၊ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မဲပလီစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင် ၂၉ ဦး အရှင်ဖမ်းဆီးရရှိ၊ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏မဲပလီတပ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ တပ် ရင်းမှူး အပါ အဝင် ၂၉ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၂၉ ဦး အရှင်ဖမ်းဆီးရရှိပြီး အများအပြား သေဆုံးကြောင်း သိရှိရသည်။

“မနေ့က မဲပလီ စခန်းသိမ်းပြီးတော့ ဘီးလင်း ခမရ ၃ ကလက်နက်ကြီးတွေ ပစ်နေတာ အလုံး ၃၀ လောက်ရှိတယ်။ ခမရ ၃ ထဲကိုလည်း ဒီဘက်က တော် လှန်ရေးတပ်တွေက ပစ်ခတ်တာမှာ ၂ ဦးသေဆုံးပြီး တပ်လိုင်းခန်းနဲ့ တပ်ဆေးရုံလည်း ပျက်စီးတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က လက်နက်ကြီးတွေ ပစ်လို့ ဒညင်းကုန်းကျေးရွာမှာ လူနှစ်ယောက်ထိတယ်။ မဲပလီစခန်းသိမ်းပွဲကတော့ အတိအကျ KNU ဘက်က ထုတ်ပြန်ဖို့ရှိပါတယ်” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ဘီလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တစ်လကျော် တိုက်ခိုက်ခဲ့ပြီးနောက် အပြီး သတ် သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ယင်းစခန်းသည် စစ်ရေးအရ အချက်အချာကျသော ဗျူဟာ စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေး ရွာများသို့ ပစ်ခတ်ခဲ့သော စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ဖာပွန်မြို့နယ်၊ ကတိုင်တိစစ်တပ်စခန်းကိုလည်း တိုက် ခိုက်သိမ်းပိုက်ရရှိထားပြီး KNLA က စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ဘီးလင်းမြို့နယ်၊ မဲပလီ စစ်တပ်စခန်းမှ သိမ်းဆည်းရရှိသည့် ၁၂၀ မမ လက်နက်ကြီးဟောင်ဝစ်ဇာတစ်လက်။

Photo Credit- Thoo Lei နှင့် မောင်ဆောင်းခ Facebook ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article