ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ လက်ပံတောရဲစခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ဘန်ကာ၊ အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက် ၄ နာရီအချိန်က မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးရှိ လက်ပ တော ရွာ၊လက်ပတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး အ လုံး ၂၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအတွင်း ဘန်ကာများ၊ က တုတ်ကျင်း များ၊ အဆောက်အဦးများ ပျက်စီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သားများ ထိခိုက် သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“သေဆုံးထိခိုက်မှုကတော့ စုံစမ်းနေတုန်းပါ။ ရဲစခန်းမှာတပ်စွဲထားတာက အင်အား ၂၀ လောက်ပဲရှိပါ တယ်။ တိုက်ခိုက်တဲ့အချိန်မှာ မကွေး သို့မဟုတ် မင်းဘူးဘက်ကနေ စက်တပ်လေထီးတွေနဲ့ လာပစ် တာရှိပါတယ်” မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ရဲစခန်းသည် အနီးနားရှိ ကျေးရွာများမှလူငယ်များကို စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက် ခြင်း၊ အပြစ်မဲ့ ပြည်သူများကို နည်းလမ်းမျိုးစုံသုံးကာ အကျပ်ကိုင်ဖိနှိပ်နေခြင်းနှင့် စစ်ဘေးရှောင် ပြည်သူများအပေါ် နိုင်ထက်စီးနင်းမှုများ ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် မဒဲကုန်းကျေးရွာ အနီး၌ မဲဇလီစခန်းကို စစ်ကူ ပေးရန်လာသောအကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရမှုကြောင့် အထိနာသွားသော အကြမ်းဖက်စစ်တပ်က မဲဇလီ ကျေးရွာဝန်းကျင်ကို လေ ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ၊ လက်ပတောကျေးရွာဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီး များ ရမ်းသမ်းပစ်ခက်ခြင်း၊ ပါရာမော်တာဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်း၊ ပတ်ဝန်းကျင်ရွာများရှိ အများ ပြည်သူနေအိမ်များကို မီးရှို့ခြင်းများကို ယုတ်မာစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်းနှင့်အတူ မဟာ မိတ်များဖြစ်သည့် မင်းဘူးမြို့ နယ် (ပကဖ) ၊ စေတုတ္တရာမြို့နယ် (ပကဖ) ၊ ပေါက် မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် (ပကဖ) ၊ Earthquake Defense Force ၊ Young Forceနှင့် Joker ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစက်တော်ဘုရားအနီးနားတဝိုက်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ဘုရား ရွာ၊ ကိုင်းမကြီး၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ပုဒေါင်းရွာနှင့် သံပုရာကိုင်းကျေးရွာမှ ပြည်သူ များအနေ ဖြင့် စစ်ကောင်စီတပ်များ ၊ ရဲစခန်းများနှင့် ဝေးရာ၌ (အနည်းဆုံး တမိုင်ခန့်) နေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာ ရပ်ခံ သတိပေးထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar