31 C
Yangon

စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာရရှိထားသောလူငယ်များကို သင်္ကန်းဝတ်ခွင့်မပေးရန် ဘုန်းကြီးကျောင်းများကို စစ်ကောင်စီက ညွှန်ကြား၊ စစ်မှုထမ်းရန် အမိန့်ရရှိထားပြီးသားသူများ ရဟန်းဝတ်ခွင့် တရားဝင် စတင်ပိတ်ပင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာရရှိထားသောလူငယ်များကို စိစစ်ရန် နှင့် သင်္ကန်း ဝတ်ခွင့်မပေးရန် ဘုန်းကြီးကျောင်းများကိုစစ်ကောင်စီက ညွှန်ကြား လိုက်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ ဝင် ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

ယခု ဖေဖော်ဝါရီလအတွင်း မြို့နယ်ထွေ/အုပ်များနှင့်နယ်မြေခံတပ်တာဝန်ခံ စစ်အရာရှိတချို့က စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်စာ ရရှိထားပြီးသူများသည် ချက်ချင်း စစ်မှုထမ်းရမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် ဘုန်းကြီးကျောင်းတွင် သင်္ကန်းစည်း သာသနာ့ဘောင်ဝင်ရန် လာရောက်လျှောက်ထားပါက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းဖြစ်လျှင် စစ်မှုထမ်းရန် အမိန့် ဆင့် ခေါ်စာ ရရှိပြီးသူ ဟုတ်၊ မဟုတ် စိစစ်ရန်၊ အကယ်၍ စစ်မှုထမ်းရန် အမိန့် ဆင့်ခေါ်စာရရှိပြီးသူဖြစ်ပါက သင်္ကန်းစည်းခွင့် မပေးရန် မြို့နယ်သံဃာနာယကအဖွဲ့ထံသို့ လျှောက်ထားတင်ပြလာကြောင်း သိရှိရသည်။

“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းဆိုရင် စစ်မှုထမ်းဆင့်ခေါ်စာ ရရှိထားပြီးဆိုရင်တော့ သင်္ကန်းစည်းမပေးဖို့၊ သေချာ စိစစ်ပေးဖို့ မြို့နယ်ထွေ/အုပ်က လျှောက်ထားလာတာ။ စစ်မှုထမ်းအမိန့်ဆင့်ခေါ်စာ ပေးပို့ထားပြီးသားဆိုရင် သင်္ကန်း ဝတ်နေရင်လည်း ခေါ်ရမှာပဲ။ အဲဒီအခါ သင်္ကန်းဝတ်နဲ့ဆိုရင် ခေါ်ရခက်မယ်။ အမြင်မတင့်တာတွေဖြစ်နိုင်တယ်။ အဲဒါကြောင့် စစ်မှုထမ်းအမိန့်ရပြီးသူတွေဆိုရင် သာသနာ့ဘောင်ဝင်ခွင့်မပေးဖို့ လျှောက်ထားတယ်” ဟု မြို့နယ်သံဃာနာယကအဖွဲ့ဝင် ဆရာတော်က မိန့်ကြားသည်။

ထို့ပြင်အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများကို ရေရှည် ရဟန်းဝတ်ခွင့်မပေးဘဲ ရေတိုဒုလ္လဘရဟန်းအ ဖြစ် ရက်ပိုင်းသာ ခွင့်ပြုပေးရန်၊ သင်္ကြန်ကာလမဟုတ်ဘဲ ရဟန်းဝတ်မည့်သူများရှိလာပါကလည်း သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားပြီးမှ လက်ခံပေးရန်လည်း တင်ပြလျှောက်ထားလာကြောင်း၊ ဘုန်းကြီးကျောင်းတွင် ညအိပ်ဧည့်သည်လက်ခံမည်ဆိုပါကလည်း ဧည့်စာရင်း တိုင်ကြားရန် အသိပေးလာကြောင်း သိရှိရသည်။

” စစ်မှုထမ်းဖို့ အမိန့်ကျထားတဲ့သူဆိုရင်တော့ ရေတိုရော ရေရှည်ရော ရဟန်းအဖြစ် လက်ခံလို့မရဘူး။ စစ်မှုထမ်းစာရင်းပဲပါသေးရင်တော့ ဒုလ္လဘရဟန်းအဖြစ် ၁ပတ်တန် သည်ဖြစ်၊ ၂ ပတ်တန်သည်ဖြစ်စေ လက်ခံလို့ရပါတယ်။ ဒါပေမယ့် သူတို့ကို အသိပေးဖို့ အကြောင်းကြားဖို့ ပြောပါတယ်။ နောက်တစ်ခါ ဧည့်စာရင်းတိုင်ဖို့လည်းပြောတယ်။ ဘုန်းကြီးကျောင်းမှာ အခြားနယ်က သံဃာတွေ ကြွလာရင်တောင် အသိပေး ဧည့်စာရင်းတိုင်ဖို့၊ တကယ်လို့ ဧည့်စာရင်း မတိုင်ရင်တောင် သက်ဆိုင်ရာ မြို့နယ်သံဃ နာယကအဖွဲ့နဲ့ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဖုန်းဆက်အသိပေး အကြောင်းကြားဖို့ လည်း တင်ပြပါတယ်” ဟု မြို့နယ် သံဃာနာယကအဖွဲ့ဝင် ဆရာတော်က မိန့်ကြားသည်။

ထို့အတူ ဘုန်းကြီးကျောင်းနှင့် စာသင်တိုက်များတွင် ငယ်ဖြူ ရဟန်းနှင့်သံဃာ တော်များအနေဖြင့် သာသနာဝင်မှတ်တမ်း (သံဃမှတ်ပုံတင်)များ ကိုင်ဆောင် ထားရှိရမည်ဖြစ်ကြောင်း ၊ ရဟန်း၊ သာမဏေတို့အနေဖြင့် ရဟန်းသာမဏေ အစစ်အမှန်အဖြစ် တရားဝင်အထောက်အထား ပြုနိုင်ရန် သာသ နာဝင် မှတ် တမ်းကို ကိုင်ဆောင်ကြရမည် ဖြစ်ကြောင်း မြို့နယ်ထွေ/အုပ်က ဘုန်းကြီး ကျောင်းသို့ အသိပေးလာကြောင်း သိရှိရသည်။

အသက် ၁၈ နှစ်ပြည့်ပြီးသည့်သာမဏေများနှင့် ရဟန်းသစ်များ အတွက် သာ သနာဝင် မှတ်တမ်းရရှိစေရန် ရပ်/ကျေးသံဃနာယကအဖွဲ့က မြို့နယ်သံဃနာယကအဖွဲ့သို့ တင်ပြ ဆောင်ရွက် ရမည်ဖြစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့သည် သာသနာဝင်မှတ်တမ်းနှင့် သာသနာ့နွယ်ဝင်မှတ်တမ်း အသစ်ထုတ်ပေးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ်သာသနာ ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ အကူအညီကို ရယူ၍ ဆောင်ရွက်ရန်လည်း အသိပေးထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေ ထုတ်ပြန်ပြီးနောက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားလူငယ်များကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်ခြင်း၊ ရဟန်းဝတ်ခွင့်ပိတ်ပင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရဟန်းသံဃာများသည် စစ်မှုထမ်းခွင့်မှ ကင်းလွတ်ခွင့်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article