27 C
Yangon

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ ၉ အထိ လူငယ် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခဲ့ပြီး ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၉ အထိ လူငယ် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းရန် စုဆောင်းခဲ့ပြီး ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရက ထုတ်ပြန်ပြောဆိုသည်။

NUG အစိုးရက ဇန်နဝါရီလ ၄ ရက်နေ့ ထုတ်လွှင့်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း အစီအစဉ်” တွင် NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်လာတဲ့ စစ်ကောင်စီက ဒီတစ်ကြိမ်မှာ အမျိုးသမီးများတွေကိုပါ။ စစ်မှုထမ်း ဖော်ဆောင်တော့မယ်ဆိုတာ ထည့်သွင်းလာပါတယ်။ အပတ်စဉ် ၉ ရောက်လာတဲ့အထိ လူဦးရေပေါင်း ၄ သောင်းကျော် မတရား သိမ်း သွင်း စုဆောင်းလာခဲ့ပြီးဖြစ်ပါတယ်။ အဓမ္မ စုစဆောင်းခံရတဲ့ လူငယ်တွေဟာ ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခံနေရပါတယ်” ဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းကို ၂၀၂၄ ခုနှစ် မေလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး လစဉ် လူဦးရေ ၅၀၀၀ ပုံမှန်ခေါ်ယူကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရှေ့တန်း ရင်ဆိုင် တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် အဓမ္မ စုဆောင်းခံရသူများကို ခွဲခြားနိုင်သည့် အခြေအနေ မဟုတ်သောကြောင့် စုဆာင်းခံရသော လူငယ် အမျိုးသားနှင့် အမျိုးသမီး အားလုံး သိရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခြင်းမခံရမီ နည်းမျိုးစုံသုံး၍ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ တော်လှန်ရေး အင်အားစုများကို ဆက်သွယ်နှင့် မရှောင်နိုင်သည့် အခြေအနေတွင် ရှေ့တန်း စစ်မျက်နှာပြင် မရောက်မီ ထွက်ပြေးနိုင်သည့် အခွင့်ရေး ရအောင်ကြိုးစားခြင်းများ လုပ်ဆောင်ရန် NUG အစိုးရက အကြံပြုထားသည်။

“ရှေ့တန်းထိ ပါသွားခဲ့ရင် အခြေအနေ ပေးလာတာနဲ့ လက်နက်ချတာ အလံဖြူထောင်တာ လုပ်နိုင်အောင် ကြိုးစားပါ။ စိတ်အေးအေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်သမျှ ကြိုလုပ်ပါလို့ ပြောလိုပါတယ်။ စစ်ကောင်စီရဲ့ မတရားပြုခြင်းတွေ ကင်းဝေးနိုင်ကြဖို့ ဆန္ဒပြုပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် မြန်မာနိုင်ငံအတွင်း ၎င်းတို့ ထိန်းချုပ်ထားသော မြို့နယ်များတွင် လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး လူဦးရေ ပြည့်မီခြင်းမရှိသောကြောင့် နေ့ဘက်များပါ နေအိမ်ထဲထိ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်သူ နေအိမ်တွင်မရှိပါက အစားထိုးဖမ်းဆီးခြင်းများပါ လုပ်ဆောင်လာကြောင်း သိရသည်။

စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ပြီးနောက် တိုက်ပွဲတွင် သေဆုံးခြင်းများ၊ ထိ ခိုက် ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ မိသားစုများထံသို့ အကြောင်းကြားပေးခြင်းမရှိကြောင်း၊ တိုက်ပွဲတွင် သေဆုံးသည့် လူငယ်တပ်သားသစ်များမှာ အလောင်းပြန်လည် ရရှိခြင်းမရှိသည့်အပြင် မိသားစုများထံသို့လည်း စစ်တပ်က ခံစားခွင့်တစ်စုံတစ်ရာ ပေးအပ်ခြင်းမရှိကြောင်း သေဆုံးသူ စစ်မှုထမ်းတပ်သားတချို့၏ ကျန်ရစ်သူ မိဘဆွေမျိုးများက ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article