ရန်ကုန်၊ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းထိုးလာသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ သံပြားကာ ကား ၅ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် မိုင်းကွင်းပေါ် ရောက်လာသည့် ကား ၃ စီးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ နောက်ဆုံးကာကို ထိမှန်ခဲ့ပြီး ကားထိုးရပ်သွားကာ စစ်ကောင်စီ တပ်သား တပ်သား ၃ ဦး အပြင်းထန်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေသော ကားများရောက်ရှိလာပြီး ခရီးသွား ပြည်သူများကို တားဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ငွေကမ္ဘာမင်း ဆီဆိုင် အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သားများက ခရီးသွား ကားများကို အကာကွယ် ယူ၍ ချောင်းဦး-မြင်းမူ လမ်းပိုင်း အတိုင်း ခြေလျင် စစ်ကြောင်း ထိုးလာကြောင်း သိရှိရသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများသည် သန်လွင်မြန်မာ စက်သုံးဆီဆိုင်ဟောင်း အတွင်းကို ဝင်ရောက်ကာ ခေတ္တ တပ်စွဲနေစဉ် ညနေ ၃ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒရုန်းဖြင့် တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းဦးမြို့ အဝင် မုံရွာ-ပခုက္ကူ-မန္တလေး လမ်းဆုံ အနီးရှိ စစ်တပ် ဂိတ် အနီးကို ပြန်လည် ဆုတ်ခွာလာစဉ် ညနေ ၅ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“မုံရွာမြို့ နမခ က ထွက်လာတဲ့ စစ်ခွေး သံပြားကာ ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်တာက စစ်ခွေး ၃ ကောင် အပြင်းအထန် ဒဏ်ရာရတယ်။ ချောင်းဦး-မြင်းမူ ကားလမ်းမကြီး အတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ခွေး ၃၀ ခန့် ပါ စစ်ကြောင်းကို လမ်းကြောင်း တစ်လျှောက် ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်တာက စစ်ခွေး ၉ ကောင် သေဆုံးပြီး ၂ ကောင် အပြင်းအထန် ဒဏ်ရာရတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း တပ်ခွဲ-၃ ၊ မုံခရိုင် ပကဖ ဒရုန်း လက်ရုံးတပ် ၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်း ၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ -၃ ၊ ငမိုးရိပ်စစ်ကြောင်း (Nga Moe Yeik column) ၊ နွေဦးညီအကိုများ စစ်ကြောင်း( Nway Oo Brothers column) ၊ Eleven People Defense Force နှင့် Royal Tiger Force (ဆားလင်းကြီး) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရး အောင်မြင်စွာ ဆင်နွှဲနိုင်ရန် ဝိုင်းဝန်း ပါဝင်အားဖြည့်၍ အတူတကွ လက်တွဲ တိုက်ခိုက်ခဲ့ကြသော တော်လှန်ရေး အင်အားစုများနှင့် တကွ၊ စစ်ဆင်ရေးအတွင်း အသုံးပြုခဲ့သာ ခဲယမ်း၊ လက်နက်များ ထောက်ပံ့ကူညီ ပေးသာ ပြည်တွင်း၊ ပြည်ပ မှ ပြည်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ဗိုလ်မိုးကြိုးက ဆက်လက် ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar