ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်နှင့် ဘီယာများကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသသတင်းရင်းမြစ် Arankan Princess Media က သတင်းဖော်ပြသည်။
AA က ၎င်းသိမ်းပိုက်ထားသော မြို့ကြီးများတွင် တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များ ထူထောင်လျက်ရှိရာ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး( DLEPS) ဌာနကိုလည်း တည်ထောင်ကာ မြို့ပြအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS က ပြည်ပ အရက်၊ ဘီယာများ ကင်းစင်ရေးအတွက် အရက်ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်နှင့်စားသောက်ဆိုင်များကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လံ စစ်ဆေးရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ပ အရက်၊ ဘီယာ၊ ၀ိုင်များကို သက်ဆိုင်ရာက စနစ်တကျ ထိန်းသိမ်းထားပြီး တရားမဝင် ရောင်းချသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း၊ ပြင်ပ အရက်၊ဘီယာ၊ဝိုင် အပါအဝင် ယစ်မျိုးကုန် မှန်သမျှကို တင်သွင်းရောင်းချမှု မပြုလုပ်ရန်နှင့် လက်ကျန်ကုန်များကို ယမန်နှစ် ၂၀၂၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ၃ လအတွင်း အကုန်အပြီးသတ် ရောင်းချရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က အသိပေးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





