31 C
Yangon

ပုလောနှင့်သာယာ၀တီမြို့နယ်တို့တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေသူ အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ ပုလောမြို့တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မသွတ် သွင်းနေသူ အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း – Palaw People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်က အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ် ထားသည့် ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ပန်းချီသန်းဝင်းအား တော်လှန် ရေး တပ်ဖွဲ့ဝင်များက မြို့တွင်းနေအိမ် အထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း သိရသည်။

“ပစ္စည်းတွေ သိမ်းမိတာမျိုးတော့ မရှိပါဘူး။ သူက ပန်းချီဆွဲသူ ဟုတ်ပါတယ်။ မြို့ထဲအထိဝင်ရှင်းခဲ့ တာပါ။ ထပ်ဖြည့်ပြောချင်တာကတော့ အခြားအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်မှုထမ်းကို အဓမ္မစု ဆောင်းနေအုံးမယ်ဆိုရင် သူ့လိုပဲ အဆုံးသတ်ရမယ်ဆိုတာမျိုး ပြောချင်ပါတယ်” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း – Palaw People’s Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ပန်းချီသန်းဝင်းသည် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်ကို ပုန်ကန်၍ နိုင်ငံ့အာဏာကို လုယူပြီးနောက် ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ် ၎င်း သည် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီအလိုကျ လူငယ်လူရွယ်များကို စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းနေသူ ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်နေမှုများကို ချက်ချင်းရပ်တန့်ရန် တော်လှန်ရေးတပ်ပေါင်စုများမှ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိပဲ လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်မှုထမ်းအဖြစ် သွတ်သွင်း ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေခဲ့သောကြောင့် အပြီးတိုင် ရှင်းလင်းပစ်ခဲ့ ရခြင်းဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ် ရေးတပ် (KNDO) ၊ တပ်ရင်း ၇ ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျန်ရှိနေ သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူလူထုအား စစ်မှုထမ်းအဖြစ် သွတ်သွင်း ရန် နှင့် ဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရန် သတိပေးလိုပြီး အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ပဲခူးတိုင်း ကြိုပင်ကောက်မြို့ ၊ကံဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Dragon Brothers (GBK-PDF)က သတင်းထုတ်ပြန်သည်။

ကြို့ပင်ကောက်မြို့ နယ်၊ ကန်ဦးအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းအောင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ ၁ ၊ Dragon Brothers GBK နှင့် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ ၁ YOMA GBK တို ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ကြီးထွန်းအောင်သည် လယ်သမားနှင့် လက်လုပ်လက်စားတိုအား ကျပ် ၄၀၀၀၀၊ ကျပ်၈၀၀၀၀ စသည်ဖြင့် ငွေကြေးစုဆောင်းပြီး PDFတပ်ဖွဲ့ အမည် တပ်ခြင်း၊ ပြည်သူများ၏ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မသိမ်းယူရာတွင် တစ်ဝက်စားပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေးအဆမတန်တောင်းခံပြီး ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုခြင်းများ၊ စစ်မှုထမ်းပေါ်တာ ဝင်ဆွဲမှုများတွင် လက် ထောက်ချခြင်းတို့ကို ပြုလုပ်နေ၍ ရှင်းလင်းခဲ့ရခြင်ဖြစ်ကြောင်း Dragon Brothers (GBK-PDF)က သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article