33 C
Yangon

ကနီမြို့နယ် ဆူးလေကုန်းစံပြရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်၍ပြည်သူ ၁ ဦးသေဆုံး၊ မကွေးတွင်လည်း စက်တပ်လေထီးများအသုံးပြု၍ စစ်တပ်က တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဆူးလေကုန်းစံပြရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်ခဲ့၍ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယ‌နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သားများက စက်တပ်လေထီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆူးလေကုန်းစံပြကျေးရွာကို တိုက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗုံးက၂ လုံးကျဲသွားတာပါဗျ။ တစ်လုံးက ဘုန်းတာ်ကြီး ကျောင်းကို ကျဲချတာ။ ဘုန်းကြီး ကျောင်းပျက်စီးသလို ကား တစ်စီးလည်းပျက်စီးတယ်ဗျ။နောက်ထပ်တစ်လုံးက ရွာရဲ့ အနောက်မြာက်ပိုင်းပရိဘောဂလုပ်တဲ့ အိမ်ကိုချသွားတာ။ အဲဒီမှာက ဘုတလင်မြို့နယ်၊ရွာမွန်ရွာကနေ အလုပ်လာလုပ်တဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကနီမြို့နယ်အတွင်း ဆူးလေကုန်းရွာသည် စံပြကျေးရွာတစ်ရွာဖြစ်ပြီး ပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်သည့် ကျေးရွာတစ်ရွာဖြစ်ကာ ပြည်သူကာကွယ်ရေးတပ်များ စိုးမိုးအုပ်ချုပ်ထားသည့် နယ်မြေလည်းဖြစ်သည်။

ထို့ပြင် မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ထွန်ကျေးရွာ၊ ပွင့်ဖြူမြို့နယ် ရေယဉ်ကျေးရွာ၊ ပခုက္ကူမြို့နယ် ကျွန်းချောင်းရွာ၊ ပေါက်မြိုနဉ် ချက်ကန်ရွာ၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁ အနီးတို့တွင်လည်း စက်တပ်လေထီးများအသုံးပြု၍ တိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂ ရက်၊ ၄ ရက်နှင့်၇ ရက်နေ့များတွင် စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ ပြည်သူများအနေနှင့် စက်တပ်လေထီး ပျံသန်းနေသည် တွေ့ရှိပါက မပေါ့ဆဘဲ ဂရုစိုက်ကြပါရန်နှင့် လေကြောင်း သတိပေး Channel များ၊ အခြားတပ်ရင်းတပ်ဖွဲ့များနှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့မက်ဆင်ဂျာ မှ တဆင့် သတင်းပေးပို့ကြရန်လည်း မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article